ကဇူးတွင် ကျောင်း ဆရာ/ဆရာမ မရှိပဲ ကျောင်းဖွင့်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း နေရပ်ပြန် ကဇူးကျေးရွာမှာ စာသင်ကြားပေးမယ့်ကျောင်းဆရာ၊ ဆရာမတွေမရှိပေမဲ့လည်း ၂၀၂၃ – ၂၀၂၄ ခုနှစ် ပညာ သင်နှစ်အတွက် အခြေခံပညာမူလတန်းကျောင်းကို ရပ်မိရပ်ဖတွေနဲ့ ကျောင်းသားမိဘတွေက ဦးဆောင်ပြီး ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။