တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၂ – ၃ – ၂၀၂၃ )
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/ TNLA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မုဒိမ်းမှုကျူးလွန်သူအမျိုးသားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ PSLF/TNLA က ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း နေရပ်ပြန် ကဇူးကျေးရွာမှာ စာသင်ကြားပေးမယ့် ကျောင်းဆရာ၊ ဆရာမတွေမရှိပေမဲ့လည်း မူလတန်းကျောင်းကို ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။