တစ်လအတွင်း စစ်ရှောင် ၁၁ ဦး မြွေကိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။
ကန့်ဘလူခရိုင်တွင် တစ်လအတွင်း စစ်ရှောင်ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ရှိခဲ့ပြီး ကလေးငယ်အပါအဝင် ၂ ဦး သေခဲ့သည်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင် ဩဂုတ်လအတွင်း စစ်ရှောင်ပြည်သူ ၁၁ ဦး မြွေကိုက်ခံခဲ့ရပြီး ၂ ဦး သေဆုံး သွားသည်။
သေဆုံးမှုတွင် အသက် ၂၆ နှစ်အရွယ် မောင်ရန်လှိုင်ဝင်းနှင့် အသက် ၁၄ နှစ်အရွယ် မောင်ပိုင်ဘုန်းခန့်တို့ ဖြစ်ပြီး မောင်ပိုင်ဘုန်းခန့်သည် မြွေကိုက်ခံရပြီး သေဆုံးနေသည်ကို တောထဲတွင်တွေ့ခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“အဲ့ကလေးက နွားကျောင်းသွားရင်းကနေ မြွေကိုက်ခံရတာ အလောင်းပဲ ပြန်တွေ့တော့တာ။ အလောင်းတွေ့မှ မြွေကိုက်ခံရမှန်း သိတာပေါ့။ အခုဒီနောက်ပိုင်းတော့ မြွေဆိပ်ဖြေဆေး အတော်အတန် ရထားတော့ အရင်က ထက် ဆိုးဆိုးရွားရွားမရှိဘူး။ ဒါပေမယ့် ဒီလထဲတော့ ဘယ်လိုကြောင့်လည်း မသိဘူး။ ၂ ယောက် ဖြစ်လာတာ ပေါ့။ ဖြစ်လာတာကလည်း တစ်ယောက်ကတော့ ဆေးကုသခွင့် လုံးဝမရ လိုက်ဘူးပေါ့လေ။ တစ်ယောက်က တော့ ရရက်နဲ့ ဘယ်လို အခြေအနေကြောင့်မို့ ဆုံးသွားလည်း မပြောတက်ဘူးပေါ့” ဟု ပြောသည်။
ကန့်ဘလူခရိုင်တွင်၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ မြွေကိုက်ခံရသူ အယောက် ၁၀၀ ကျော်ရှိနေပြီး အများစုမှာ စစ်ရှောင်ပြည်သူများ ဖြစ်ကြစည်။
၎င်းတို့အတွက် မြွေဆိပ်ဖြေဆေး နှင့် မြွေကိုက်သည့် ရန်မှ ကာကွယ်ပေးနိုင်သည့် လယ်ရှည်ဖိနပ် အရှည်များ လို အပ်နေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
“လုံလုံလောက်လောက် ရပြီးဆိုတာက ရှိသင့်သလောက်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း တကယ် မြွေဆိပ် ဖြေဆေး လိုအပ်ချက်နဲ့တော့ ကွာဟမှုတော့ ရှိတော့ရှိသေးတာပေါ့။ နောက်ပိုင်းကျရင်တော့ မြွေဆိပ်ဖြေဆေး အပြင် လယ်ရှည် ဖိနပ်ခေါ်တာပေါ့ မြွေဆိုးကိုက်ရင် အကာအကွယ်ပေးနိုင်မယ့် ဒါမျိုးတွေများ လှူဒါန်းပေးနိုင် ရင် အဆင်ပြေ မလားပေါ့လေ” ဟု ပြောသည်။
ကန့်ဘလူခရိုင်တွင် စစ်ရှောင်နေရသူ လူဦးရေ ၃ သောင်း ခန့်ရှိနေပြီး စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုနှင့် ကျေး ရွာများအား မီးရှို့ဖျက်ဆီးခံရမှုများ မကြာခဏ ကြုံတွေ့နေရကြောင်း ဒေသခံစစ်ရှောင်များနှင့် ကူညီပေးနေသူ များက ပြောသည်။
“အမြဲတမ်းစစ်ရှောင်က ကန့်ဘလူ တစ်ခရိုင်လုံးဆိုရင်တော့ ၃ သောင်းဝန်းကျင်လောက် ရှိတယ်။ စစ်ကြောင်း ထိုးနေတာ ကန့်ဘလူရဲ့ တောင်ဘက်မှာပေါ့လေ။ ၁၅ ရွာကျော် ပြေးနေရတယ်။ အတိအကျပြောဖို့ကျ ခက်ခဲနေ တယ်။ စစ်ကြောင်းက ဆက်တိုက်ထိုးတဲ့ အခါကြတော့ ပထမ ကျနော်တို့ မေးထားတဲ့ ရွာတွေအပြင် နောက်ထပ် ထပ် ရှောင်ရတဲ့ရွာတွေလည်း မနည်းဘူးရှိတယ်” ဟု ကူညီပေးနေသူက ပြောသည်။
ထို့နောက် စက်တင်ဘာလ ၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်ရှိ လေးလှကျေးရွာ၊ ထန်းကုန်းတိုက်နယ်အ တွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။