တိုင်းရင်းသား ဘာသာ သတင်းအစီစဉ် – ( ၁၁ – ၉ – ၂၀၂၃ )

ကရင်နီပြည်နယ်ထဲက ဆုံးရူံးသွားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့အတွက် စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ကို အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို လုပ်ဆောင်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့နယ်မှာ နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံး TBP ကတ်တွေကို တာဝန်ရှိသူတွေက စတင်လုပ်ပေးနေပြီလို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

စွက်ဖက်မှုမရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ကရင်နီပြည်နယ်မှာ စတင်ကျင့်သုံးနေပြီလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ပြောပါတယ်။