တိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်ကောင်စီ မိသားစုဝင်များအား ဒီးမော့ဆို PDF ပြန်လွှတ်ပေး
ကယား(ကရင်နီ)ပြည်၊ မယ်စဲ့မြို့နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီမိသားစုဝင် ၉ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO-PDF)က နေရပ်ပြန်ခွင့်ပြုလိုက်တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။