အကူအညီပေးရေး လုပ်ငန်းတွေမှာ ကန့်သတ်ချက်တွေ ပိုတိုးလာတယ်လို့ UNOCHA ပြော

မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေနဲ့ ကချင်ပြည်နယ်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်အတွက် ကန့်သတ်ချက်တွေ ပိုတိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA မြန်မာ က ထုတ်ပြန်ထားပါတယ်။