စစ်အုပ်စုအား ပြင်းထန်စွာ အရေးယူရန် နိုင်ငံတကာအား NUG တောင်းဆို

နိုင်ငံတကာအနေနဲ့ စစ်အုပ်စုကို ဆက်လက်ဖယ်ကြဉ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ပေးဖို့အပြင် စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်တာကို ခံနေရတဲ့ မြန်မာပြည်သူတွေကို ကူညီခြင်းအားဖြင့် ကမ္ဘာကြီးမှာ စစ်အာဏာရှင်တွေအတွက် နေရာမရှိဘူးဆိုတာကို သက်သေပြကြရမှာဖြစ်တယ်လို့  NUG ယာယီ သမ္မတ ဒူဝါလရှီးလ ပြောဆိုလိုက်ပါတယ်။