တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၃ – ၁၀ – ၂၀၂၃ )
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား အချိန်တော်တော်ကြာ တိုက်ပွဲရပ်တန့်ရာကနေ အောက်တိုဘာလ အတွင်းမှာ တိုက်ပွဲပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့က တက်ရောက်ခဲ့ကြပါတယ်။
အကြမ်းဖက်မှုကို လုပ်ဆောင်နေတဲ့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို ဖော် ဆောင်နိုင်မှာမဟုတ်ဘူးလို့ ပအိုဝ့်အမျိုးသားဖက်ဒရယ်ကောင်စီ – PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။