တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၃၀ – ၁၀ – ၂၀၂၃ )

တအာင်းဥပ‌ဒေအထောက်အကူပြုအဖွဲ့ (TLA) က  ဦးစီးဖွင့်လှစ်တဲ့ ပထမဦးဆုံးအကြိမ် တအာင်းဥပဒေ အကယ်ဒမီကျောင်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို ဝိုင်းဝန်းပိတ်ဆို့ဖို့ စစ်ကောင်စီက အင်အားတိုးချဲ့လာတဲ့အတွက် မဟာမိတ်တွေနဲ့ပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ်က ပြောပါတယ်။ 

မြောက်ပိုင်း စစ်ရေးမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် ၅ မြို့နယ်က စစ်ကောင်စီရဲ့ ဗျူဟာမြောက် တပ်စခန်းတွေကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။