ဗျူဟာမြောက် ဂန်ဒေါင်ယန် တပ်စခန်းကုန်းကို KIA သိမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်မှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီရဲ့ ဂန်ဒေါင်ယန် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်တို့က တက်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO/KIA က ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “မြစ်ကြီးနားနဲ့ နမ်ဆန်ယန် ကားလမ်းပေါ်က ဂန်ဒေါင်ယန်တပ်စခန်း ဖြစ်ပါတယ် ခင်ဗျာ။ မနက် ၆ နာရီကနေ စပြီးမှ ဝင်တိုက်တာ ၈ နာရီ နည်းနည်းကျော်ချိန်မှာ အားလုံးအပြီးအစီး သိမ်းလို့ရတာဖြစ် ပါတယ်။ မြစ်ကြီးနား -ဗန်မော် ကားလမ်းကို ထိန်းတဲ့ စခန်းလည်းဖြစ်ပါတယ်။ သူတို့လည်း တော်တော်လေး ဗျူဟာ ကျတဲ့စခန်းလို့ ပြောလို့ရပါတယ်။ ဟိုနာဖော့တို့ ပါဂျောင်ဖက်တို့ကို တက်သွားတဲ့ လမ်းခွဲလည်းဖြစ်ပါ တယ်။ ဆိုတော့ သူတို့အတွက်လည်း အင်မတန်အရေးကြီးတဲ့ နေရာဖြစ်ပါတယ်” လို့​ ပြောပါတယ်။