၁၀၂၇ စစ်ဆင်ရေးအတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီလို့ ကြေညာလိုက်တာနဲ့ တပြိုင်နက်တည်း ရှမ်းမြောက် မှာ စစ်တပ်နဲ့ ညီနောင်မဟာမိတ်တို့အကြား တိုက်ပွဲ ပြင်းထန်လာခဲ့ပါတယ်။ ညီနောင်မဟာမိတ်တွေဘက်က စခန်းသိမ်းတိုက်ပွဲတွေလည်း ဆက်တိုက်ဆင်နွှဲနေပါတယ်။
ရှမ်းမြောက်ဒေသအပြင် ကချင်ဘက်မှာလည်း ကချင် လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။ ဒီ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တစ် ပြိုက်နက်တည်း ပါဝင် အကောင်အထည်ဖော်ဖို့ အမျိုး သားညီညွတ်ရေး အစိုးရ NUG က တိုက်တွန်းလိုက်ပါ တယ်။
အောက်တိုဘာ လကုန်းပိုင်းကစလို့ မြောက်ပိုင်း စစ်ရေးမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၅ မြို့ နယ်က စစ်ကောင်စီရဲ့ ဗျူဟာ မြောက် တပ်စခန်းတွေကို တချိန်တည်းတပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီလို့ ကြေညာလိုက်တာနဲ့ တပြိုက်နက်တည်း ရှမ်းပြည် နယ်မြောက်ပိုင်းမှာ စစ်တပ်နဲ့ ညီနောင်မဟာမိတ်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီ လို့ ကြေညာလိုက်တာပါ။
ကြေညာလိုက်ပြီးတာနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ မြို့နယ်နှင့် ချင်းရွှေ ဟော်တို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ နေရာတွေ၊ တိုးဂိတ်၊ ရဲကင်းစခန်း၊ မြို့အထိုင်တပ်၊ ရဲစခန်းတွေကို ညီနောင်မ ဟာမိတ် အဖွဲ့က တစ်ချိန်တည်း တစ်ပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာက တိုက်ပွဲ အပြင်းအထန် ဖြစ်ပွား လာတယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့က ဒေသခံ အမျိုးသမီးတစ်ယောက်က အခုလို ပြောပါတယ်။
“ဒီနေ့မနက်ပိုင်း ၅ နာရီလောက်ဖြစ်မယ်ထင်တယ်။ သူတို့ စပစ်နေကြတာပေါ့နော်။ဒါပေမယ့် ဘယ်ဖက်က ပစ်တာလည်းတော့ မသိဘူး အသံကတော့ စကြားနေရတယ်။ ညီမတို့ ကြားမိတာက လားရှိုးရယ်၊ မူဆယ်ရယ်၊ ကွတ်ခိုင်ရယ်၊နမ့်ခမ်းရယ်ပေါ့နော်။ သူတို့က တစ်ချိန်တည်းပဲ ပစ်ကြတာပေါ့နော်။ ဒါပေမယ့် တစ်ချိုကလူက လည်း ၄ နာရီခွဲလို့ ပြောတယ်။ ဒါပေမယ့် ညီမတို့ ကြားမိတာက ၅ နာရီခွဲလောက်ဖြစ်မယ်ထင်တယ်။အသံစ ကြားရတာပေါ့နော။ ဒီရှမ်းမြောက် ၄ မြို့နယ်အပြင် လောက်ကိုင်သွားတဲ့ဖက်ပေါ့နော။ လောက်ကိုင်ရယ်၊ ချင်းရွှေဟော်မှာ အဲဖက်တွေမှာလည်း သူတို့က အဲဒီ ရှမ်းမြောက် ၄ မြို့နယ်နဲ့အတူတူပဲ သူတို့ ဝင်ပစ်တာ အဲဖက် မှာက ညီမကြားမိတာက ကိုးကန့်တွေပဲ ဝင်သိမ်းလိုက်တာပေါ့။ ဒီဖက် TNLA တပ်တွေရှိတော့ သူတို့က အတူ တူ ဝင်သိမ်းတာပေါ့ စခန်းတော်တော်များများတော့ သူတို့က သိမ်းပိုက်လိုက်ရတယ်လို့ ပြောတယ် အဲလိုမျိုး တော့ ကြားတယ်”
တိုက်ပွဲအတွင်း နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ၁၃ မိုင်စခန်းနှင့် မိုက်ခရိုဝေ့ စခန်း ၂ ခုကို ညီနောင်မဟာမိတ် အဖွဲ့ဝင်ဖြစ်တဲ့ TNLA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ စခန်းကုန်းတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-နမ့်ဖက်ကာ လမ်းပိုင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကုန်းတွေလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကိုးကန့်တပ်မတော် MNDAA ကလည်း စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်သလို ချင်းရွှေ ဟော်မြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ BBC မြန်မာပိုင်း သတင်းဌာနနဲ့ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်းဌာနက ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုတွေကို ကိုးကားပြီး သတင်းရေးသားထားပါတယ်။ ချင်းရွှေဟော်ဘက်မှာတော့ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ ပျံဝဲနေပါတယ်။
ရှမ်းမြောက်ဒေသခံ “ဆယ်နာရီ ဆယ့်တစ်နာရီလောက်မှာတော့ ချင်းရွှေဟော်ဖက်မှာတော့ လေယာဉ်ပျံတွေနဲ့ တက်သွားတာတော့ တွေ့ရတယ်။ တိုက်ပွဲတွေ ဖြစ်နေတော့ အခြေအနေမကောင်းတော့ ပြန်တဲ့သူတွေ ပြန်ကြတယ်။ ဒါပေမယ့် အဲဒီလို လမ်းတွေက ပိတ်ထားတော့ တချို့တွေက ပြန်လို့ မရတာတွေတော့ပြောတာတွေတော့ရှိတယ်” လို့ ပြောပါတယ်။
လားရှိုးမြို့မှာလည်း စစ်ကောင်စီရဲ့ လေယာဉ်တွေ ပျံဝဲနေခဲ့ပါတယ်။ တိုက်ပွဲဖြစ်စက လားရှိုးမြို့အဝင်အထွက် လမ်းတစ်ဖက်ကိုပဲ ပိတ်ထားရာကနေ တိုက်ပွဲငြိမ်းသွားပြီးနောက် စစ်ကောင်စီတပ်က မြို့အဝင်အထွက် ဂိတ်တွေ အားလုံးကို ပိတ်ထား လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ချက်ဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်တယ် လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး တတိယနေ့တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အကြားက တိုက်ပွဲတွေ ပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားနေပြီ စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ ညီနောင် မဟာ ၃ ဖွဲ့က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး တတိယနေ့အဖြစ် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်နဲ့ မုံးကိုးမြို့နယ်တွေမှာ စခန်းသိမ်း တိုက်ပွဲတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၉ ရက်နေ့ ထုတ်ပြန်ပါတယ်။
၁၀၂၇ စစ်ဆေင်ရေး လုပ်ဆောင်ရတဲ့ အဓိက အကြောင်းနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က အခုလို ပြောပါ တယ်။
“အထူးသဖြင့်ကတော့ ဒီစကစက ဒီနှစ်ထဲမှာ ပိုများလာတဲ့ ကျနော်တို့ဖက်မှာ ဒီ ပြည်သူတွေရဲ့ အသက်အိုးအိမ် ကို လေကြောင်းတိုက်ခိုက်မှုတွေရော ဒီလက်နက်ကြီးတွေရော တောက်လျှောက် တိုက်ခိုက်ခံခဲ့ရတာရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့အတွက်က တစ်ကြောင်း၊ တစ်ကြောင်းက တော့ ကျနော်တို့ နယ်မြေပိုမိုထိန်းချုပ်နိုင်ဖို့ပေါ့နော။ နယ်မြေထိန်းချုပ် နိုင်ဖို့ ဆိုတာကတော့ အထူးသဖြင့်က တော့ ဒီအွန်လိုင်းလောင်းကစား လိမ်လည်မှုက တော်တော်ကြီးများနေတာ အဲမှာ ရှိကြတဲ့ ပြည်သူလူထုတွေ ထိခိုက်မှုတွေရှိကြတယ်ပေါ့ အဲဒါကို ကျနော်တို့က ဆောင်ရွက်နိုင်ဖို့အတွက် ဒီနယ်မြေထိန်းချုပ်နိုင်မှ တရားဥ ပဒေစိုးမိုးရေးက ပိုပြီးဆောင်ရွက်နိုင်တာ ဖြစ်တယ်။ အဲဟာက တစ်ကြောင်း၊ တစ်ကြောင်းကတော့ ဒီ အာဏာ ရှင်ကို ပိုပြီးတော့ တော်လှန် အမြစ်ပြတ်တော်လှန်နိုင်ဖို့ ကျနော်တို့က အော်ပရေးရှင်း စတင်ပြီးမှ ဖော်ဆောင် တာဖြစ်တယ်။”
အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၄ နာရီလောက်က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။
အဲဒီနောက်မှာတော့ မနက် (၇) နာရီ ခွဲလောက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို ဂျက်လေယာဉ်နဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာက စစ်ကောင်စီတပ်စခန်းအပြင် သိန္နီမြို့နယ်ထဲက မာချီနော့ စစ်တပ်စခန်း၊ ချင်းရွှေဟော်ဒေသက ယာခုတ်တိုက် စစ်တပ်စခန်း၊ မုံးကိုးမြို့နယ်ထဲက နမ်ယမ် စစ်တပ်စခန်းနဲ့ လားရှိုးမြို့နယ် အရှေ့ဘက်ခြမ်း ကီလိုမီတာ ၄၀၀ ကျော်အကွာမှာရှိတဲ့ စစ်တပ်စခန်း ၂ ခုကို ဒီနေ့ မနက် အစောပိုင်းမှာ ထပ်မံ သိမ်းနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ က ဆိုပါတယ်။
ဒါ့အပြင် သိန္နီရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို အောက်တိုဘာလ ၂၈ ရက်နေ့ က သိန္နီမြို့နယ် ထဲရှိ နမ့်စလပ် ရဲစခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးထဲ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က အခုလို ပြောပါတယ်။
“ကျနော်တို့ဖက်က တိုက်ပွဲစဖြစ်တာကတော့ မနေ့ကတည်းစဖြစ်တာ မနေ့ကတော့ ပြင်ဦးလွင်အောက်နဲ့ မိုး ကုတ်လမ်းမှာရှိတဲ့ ကျနော်တို့ နောင်ချိုမြို့နယ်ထဲက သံဘိုကျေးရွာမှာ အဲမှာတော့ ဒီစကစ စခန်းကိုသိမ်းဆည်း ရမိတာတော့ရှိတယ်။ နောက်ထပ် ဒီနေ့ကတော့ နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ ၁၃ မိုင် စခန်းလို့ခေါ်တဲ့ တာဝါတိုင် စခန်း ဒေသအခေါ်ပေါ့ အဲဒီ တာဝါတိုင်စခန်းကို သိမ်းဆည်းရမိတာတော့ရှိတယ်။”
အောက်တိုဘာ ၂၉ ရက်နေ့ ဒီနေ့ မှာ စခန်းသိမ်းတိုက်ပွဲတွေအပြင် TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့က စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မိုးကုတ် မြို့နယ် အထက်ညောင်ကုန်းကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ သလို သပိတ်ခရိုင် မိုးကုတ်မြို့နယ် အထက်ညောင် ကုန်းကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA၊ မိုးကုတ် ဗျူဟာ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
လက်ရှိတိုက်ပွဲတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ နွေဦးတော်လှန်ရေး ကနေ ပေါက်ပွားလာတဲ့ တော်လှန် ရေး အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ စစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်နေပြီး သတ်မှတ်ထား တဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းမမှာ ရှိပြီး စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဂန်ဒေါင်ယန် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်တို့က တက်ရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO/KIA က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်တပုဒ်ကို ကြည့်ရ အောင်ပါ။
မြစ်ကြီးနား -နမ်ဆန်ယန် လမ်းပေါ်မှာရှိတဲ့ ဂန်ဒေါင်ယန် စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ် တို့က အောက်တိုဘာလ ၃၁ ရက် မနက်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ကချင် လွတ်လပ် ရေးအဖွဲ့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
“မြစ်ကြီးနားနဲ့ နမ်ဆန်ယန် ကားလမ်းပေါ်က ဂန်ဒေါင်ယန်တပ်စခန်း ဖြစ်ပါတယ် ခင်ဗျား။ မနက် ၆ နာရီက နေ စပြီးမှ ဝင်တိုက်တာ ၈ နာရီနည်းနည်းကျော်ချိန်မှာ အားလုံးအပြီးအစီး သိမ်းလို့ရတာဖြစ် ပါတယ်။ မြစ်ကြီးနား -ဗန်မော် ကားလမ်းကို ထိန်းတဲ့ စခန်းလည်းဖြစ်ပါတယ်။ သူတို့လည်း တော်တော်လေး ဗျူဟာ ကျတဲ့စခန်းလို့ ပြောလို့ရပါတယ်။ ဟို နာဖော့တို့ ပါဂျောင်ဖက်တို့ကို တက်သွားတဲ့ လမ်းခွဲလည်းဖြစ်ပါ တယ်။ ဆိုတော့ သူတို့အတွက်လည်း အင်မတန်အရေးကြီးတဲ့ နေရာဖြစ်ပါတယ်”
စခန်းသိမ်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂန်ဒေါင်ယန် စခန်းကုန်းအပါအဝင် အနီးအနားမှာရှိတဲ့ ကျေးရွာတွေထဲကို လေကြောင်းပစ်ခတ်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
“နောက်လေကြောင်းနဲ့ ဗုံးတွေကြဲပြီးမှ ပစ်ကူတာတွေရှိပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ ဂန်ဒေါင်ယန်မှာလည်း ပစ်ပါတယ်။ နောက် ပြည်သူလူထုရှိတဲ့ ဂျာထရွာမှာလည်း လက်နက်ကြီးနဲ့ပစ်ပြီးမှ ပြည်သူလူထုရဲ့ အိမ် ၆ လုံးလည်း မီးလောင်ပြာကျသွားတာ ရှိပါတယ်။ ပြည်သူလူထု ထိခိုက်တာကတော့ အခုထက်ထိကတော့ မကြားရပါဘူး”
ဂန်ဒေါင်ယန် စခန်းသိမ်းတိုက်ပွဲမှာ KIA နဲ့အတူ မဟာမိတ်တပ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA က ပါဝင်တိုက် ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
မြစ်ကြီးနား – နမ်ဆန်ယန်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂန်ဒေါင်ယန် တပ်စခန်းကို KIA က ဒီကနေ့မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို့ အောက်တိုဘာလ ၃၀ ရက်နေ့ မနေ့က ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ တပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO/KIA က ဆိုပါတယ်။
“အဲဒါကတော့ မနေ့ကဖြစ်ပါတယ်။ ဟို ကျနော်တို့ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ နယ်မြေ ဖြစ်ပါ တယ်။ မနေ့က ညနေပိုင်းမှာ အပြီးသိမ်းတာဖြစ်ပါတယ်။ ကျနော်တို့ကတော့ မုန်းမော်လို့ပဲသိတာ ကျနော်တို့ အခေါ်ပေါ့နော ဒေသအခေါ်ဖြစ်ပါတယ်။ မုန်းမော်စခန်းလို့ပဲ ခေါ်တယ်။တခြားအခေါ်ရှိမှာပါ။ကျနော် တို့က တော့ အဲဒါမရဘူး။ ၂၉ ရက်နေ့ကနေ စပစ်တာဖြစ်ပါတယ်။ မနေ့က ၃၀ ရက်နေ့မှာ သိမ်းတာဖြစ်ပါတယ်”
စခန်းသိမ်းတိုက်ပွဲတွေအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးဘူးလို့ KIO/KIA က ဆိုပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်လိုက်တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာလိုက် တာနဲ့ တစ်ပြိုက်နက်တည်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်း အမျိုး သား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က စစ်ကောင်စီရဲ့ တပ်စခန်း ၇၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သလို ကချင်ပြည်နယ်မှာလည်း KIA နဲ့အတူ ညီနောင်မဟာမိတ် အဖွဲ့ဝင် ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီရဲ့ တပ်စခန်းကို အောက်တိုဘာ လကုန်ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ တာ ဖြစ်ပါတယ်။
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုတည် ဆောက်ရေးကို တစ်ပြိုက်နက်တည်း ပါဝင် အကောင်အထည်ဖော်ရမယ့် အချိန်ဖြစ်ပြီး ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။
သီတင်းကျွတ်လပြည့်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ နွေဦးတော်လှန်ရေး ရက် ၁၀၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ပြောကြားမှုထဲမှာ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“အခုကျနော်တို့ တော်လှန်ရေးဟာ ရက် ၁၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမှောင်ထုလွှမ်းတဲ့ ကာလကိုကျော် လွန်ပြီး အခုအခါ အလင်းရောင်ခြည် သန်းလာပြီဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အားလုံး တစ်သွေး တည်း တစ်သားတည်းဖြစ်ဖို့ဆန္ဒပြုထားတဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြည်သူတစ် ရပ် လုံး လိုလား ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရည်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တစ်ပြိုက်နက် တည်း ပါဝင် အကောင်အထည်ဖော်ရမယ့် အချိန်အခါ ကောင်းဖြစ်နေပြီ လို့လဲပြောလိုပါ တယ်။ ဒါကိုလက်မ လွတ်ပဲနဲ့ ကျနော်တို့ အားလုံး ပါဝင်ကြရအောင်လို့လည်း နိုးဆော်လိုက်ပါတယ်။ ကျနော်တို့ အားလုံးအချင်း ချင်းမျှဝေကူ ညီရင်းပြည်သူ့အောင်ပွဲ အရယူကြမှာ ဖြစ်ပါတယ်”
အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် မတော် MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲသလို ထုတ်ပြန်ပြောဆိုလိုက်တာနဲ့ တစ်ပြိုက်နက်တည်း ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ မြို့နယ် တော်တော်များ များမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်ကာ ပူးပေါင်းသွားမယ်လို့ အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အခုအချိန်ဟာ နိုင်ငံတဝန်းမှာ ရှိနေတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေဦး တော် လှန်ရေးအင်အားစု အသီးသီးနဲ့ ပြည်သူတရပ်လုံးက ပါဝင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံးရေး၊ ဖယ် ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမှာ ဖြစ်တာကြောင့် ခုခံတွန်းလှန် စစ်မှာ အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြဖို့ကို လည်း NUG က တိုက်တွန်းထားပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေး အဖွဲ့အစည်း တွေက စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
“အခုဆိုရင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရေးကိုလည်း မဟာဗျူဟာမြောက် ထိုးစစ်တွေကို စစ်မျက်နှာအစုံမှာ စတင်ထိုးစစ်ဆင်နေကြပြီ ဖြစ်သလို ပြည်သူ့ရင်သွေးတွေဖြစ်တဲ့ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် PDF တွေဟလည်း ကျရာနေရာ ကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြ ပြီဖြစ်ပါတယ်”
စစ်ရေးတိုက်ခိုက်မှုတွေနဲ့ အတူ နိုင်ငံရေးဖက်မှာလည်း စစ်ကောင်စီကို အဆုံးသတ်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေ တယ်လို့ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ဆက်ပြောပါတယ်။
“နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်လည်း NUCC၊ NUG တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ နွေဦးတော်လှန် ရေး အဖွဲ့တွေ အားလုံးဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတဲ့ ကိုယ်စားပြု အုပ်ချုပ်မှု ရရှိရေးအကြမ်းဖက် စစ်အာဏာရှင်စနစ် ကွင်းဆက်ကို အဆုံးသတ်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာ အတူတကွ ရှိနေကြတယ် ဆိုတာကို မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မေတ္တာရပ်ခံ ထုတ်ပြန်ချက်မှာ ကတိကဝတ်ပြုခဲ့ကြပြီ ဖြစ်ပါတယ်”
ဒီ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘာသာရေးအဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်းတချို့က ကန့်ကွက်ရှုတ် ချကြောင်း စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာကနေ သုံးရက်ဆက်တိုက် ဝါဒဖြန့်ဖော်ပြခဲ့တာလည်း ရှိပါ တယ်။
ကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ခဲ့တဲ့ အဖွဲ့အစည်း ၁၄ ဖွဲ့ထက်မနည်းရှိပြီး ဘာသာပေါင်းစုံအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ရုပ်ရှင်နဲ့ ဂီတအစည်းအရုံးတို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက် အဖွဲ့ဝင် သစ်တွေနဲ့ စစ်ကောင်စီက စိတ်ကြိုက်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီလည်း ပါဝင်ပါတယ်။
ဒီဝါဒဖြန့်မှုရဲ့ တဖက်မှာတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်နဲ့ မြန်မာပြည်အနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါ တယ်။ အညာဒေသအပြင် ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာသလို NUG ကလည်း ၁၀၂၇ စစ်ဆင်ရေးကို ကူဖို့ တပြိုင်တည်း ရုန်းထကြဖို့ အမိန့်ပေးထားတယ်လို့ PDF တွေက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဘယ်လောက်ထိ ကြာနိုင်တယ်၊ ဘယ်လောက် ကျယ်ပြန့်လာနိုင်တယ်ဆိုတာကို အတိအကျ မသိနိုင်ပေမယ့် ရှမ်းမြောက်မှာစခဲ့တဲ့ ၁၀၂၇ တိုက်ပွဲတွေကနေ အခုနှစ်ပိုင်းအတွင်း မြန်မာပြည်အတွင်း အကြီး မားဆုံးနဲ့ အကျယ်ပြန့်ဆုံး စစ်မျက်နှာစာကြီး ဖြစ်လာဖို့လည်းရှိတယ်လို့ ရှမ်းမြောက်အရေး လေ့လာနေသူက ခန့် မှန်း ပြောဆိုထားကြပါတယ်။