ရှမ်းမြောက် တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုများ ဆက်ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်။
ရှမ်းမြောက်က စစ်ရေးပဋိပက္ခများထဲ အရပ်သားပြည်သူ သေဆုံးမှုများ ဆက်ရှိနေသည်ဟု ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်ထဲက ကာလိုင်ကျေးရွာထဲ လေယာဉ်အသုံးပြု ဗုံးကြဲခဲ့ရာ အသက် ၅၀ နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး သွားခဲ့သည်။
ကုန်းချမ်းရွာသားတစ်ဦးက “ဗမာစစ်တပ်က လာပစ်တာ ကုန်းချမ်းကျေးရွာသားတစ်ဦးထိတယ်၊ ဆုံးသွားတယ်၊ ကာလိုင်မှာ သူဘာသွားဝယ်တာလဲတော့ မသိဘူး လေယာဉ်က ပစ်လိုက်တော့ သူ့ကို ထိသွားသွားတယ်“ ဟု ပြောသည်။
ထိမှန်သေဆုံးသွားသူ အမျိုးသမီးသည် ကုန်းချမ်းရွာသူဖြစ်ပြီး ကာလိုင်ကျေးရွာတွင် စျေးသွားဝယ်ချိန် လေယာဉ် ဗုံးကြဲမှုထဲ ပါသွားခြင် ဖြစ်သည်။
စစ်ကောင်စီက လေယာဉ််ဖြင့် ကာလိုင်ကျေးရွာပေါ် ၂ ကြိမ် ဗုံးကြဲခဲ့ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၃ လုံးထက်မနည်း ထိမှန်ပျက်စီးပြီး ကာလိုင်းဈေးတန်းလည် ထိမှန်ပျက်စီးသွားသည်ဟု အဆိုပါ ဒေသခံက ပြော သည်။
လေယာဉ်ဖြင့် ဗုံးကြဲခံရမှု ဖြစ်ပြီးနောက် ကာလိုင်နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများသည် ကွတ်ခိုင် မြို့ပေါ်နှင့် အခြား ဘေးလွတ်နိုင်မည့် နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
အလားတူ နိုဝင်ဘာလ ၁ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် သိန္နီမြို့အတွင်း၌လည်း လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုထဲ အမျိုးသမီးနှစ်ဦး ထိမှန်သေဆုံးခဲ့သေးသည်။
“ဝက်သားချဉ်ရောင်းတဲ့ အိမ်ပေါ် လက်နက်ကြီးကျတာ။ ဘယ်က ပစ်တာလည်းဆိုတာတော့ ကျမတို့က မသိ ဘူး။ လက်နက်ကြီးကျလို့ အိမ်ပိုင်ရှင် အမျိုးသမီး ၂ ယောက်သေတယ်။ နောက်ပြီး အိမ်လည်းပျက်သွားတယ်။ ဟိုး တရက်ကလည်း သိန္နီက ကျောင်းခမ်းဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည် ကျလို့ ၃ ယောက်သေတာ ရှိတယ်။ အခုဆို ကျမတို့သိသလောက် သိန္နီမှာ သေတာ ၅ ယောက်၊ စစ်ရှောင်တစ်ယောက် ထွက်ပြေးလာတုန်း က ဆေးကုလို့မရဘဲ သွေးလွန်ပြီးသေသွားတာနဲ့ဆို ၆ ယောက်ရှိပြီ” ဟု သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ပြော သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ‘၁၀၂၇’ စစ်ဆင်ရေးစတင်သည့်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ ယနေ့ နိုဝင် ဘာလ ၃ ရက်နေ့အထိ နေ့စဉ်ရက်ဆက် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ စခန်း ၉၀ ကျော် သိမ်းယူထားနိုင်ပြီဟု TNLA က ထုတ်ပြန်ထား သည်။
ထို့အပြင် ရှမ်းမြောက်က ပြည်သူ ၁သောင်းကျော်လည်း နေရပ်စွန့်ခွာကာ ဘေးလွှတ်နိုင်မည့် နေရာများ၊ မြို့ပေါ် နေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။