တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၆ – ၁၁ – ၂၀၂၃ )

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကြေညာပြီးတဲ့နောက် မြို့နယ်တော်တော်များများမှာ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေပါတယ်။ 

ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တစ်ပြိုက်နက်တည်း ပါဝင်အကောင်အထည်ဖော်ရမယ့်အချိန်ဖြစ်ပြီး ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်အပ်ပြီး အလင်းဝင်ကြဖို့ သတိပေး နှိုးဆော်လိုက်ပါတယ်။