စစ်ဆင်ရေးနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တပြိုင်နက် ဖော်ဆောင်ရန် NUG ပြော

ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တစ်ပြိုက်နက်တည်း ပါဝင်အကောင်အထည်ဖော်ရမယ့်အချိန်ဖြစ်ပြီး ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။