တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၃ – ၁၁ – ၂၀၂၃ )

ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေးကာလ နှစ်ပတ်ပြည့်လာတဲ့အချိန်မှာ ဆယ်ဂဏန်းလောက်ရှိတဲ့ မြို့တွေနဲ့ စစ်ကောင်စီရဲ့ စခန်းကြီးငယ်ပေါင်း ၁၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ကြေ ညာပါတယ်။ 

ကရင်နီပြည်မှာ အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၃၀ နီးပါးအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော်ကျဆုံးပြီး  ထိခိုက်ဒဏ်ရာရတာတွေလည်း များပြားခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ကြေညာပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာစေတဲ့ အဓိက တရားခံဟာ  စစ်ကောင်စီ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။