တရုတ်-မြန်မာ အမုန်းမီးပွားအောင် စစ်ကောင်စီ ရန်တိုက်ပေးနေဟု NUG စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်။
၁၀၂၇ စစ်ဆင်ရေးမှ စတင်လိုက်သည့် စစ်ဆင်ရေးများကြောင့် အဖက်ဖက်တွင် ရှုံးနိမ့်လာနေသော စစ်ကောင်စီ တပ်သည် လူမျိုးရေးကို အခြေခံပြီး တရုတ်-မြန်မာ အမုန်းမီးပွားအောင် မှိုင်းတိုက် လုပ်ဆောင်လာနေသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ပြုလုပ်ခဲ့သည့် ၃၇/၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီ သမ္မတ ဒူဝါ လရှီးလက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ယခုအခါ စစ်ကောင်စီဟာ စစ်ရေး အရှုံးတွေနဲ့ တလှိုင်းပြီးတလှိုင်း ခံနေရပြီး နောက်ပိုင်းမှာ တရုတ်နဲ့ မြန်မာ အကြား လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက်လုပ်ဆောင်နေတာတွေကို တွေ့ရပါတယ်။ ကျနော်တို့ အမျိုး သား ညီညွတ်ရေး အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ သံခင်းတမန်ခင်းအရ ဆက်သွယ် ဆောင် ရွက်ကြတဲ့အခါ၊ စစ်ကောင်စီရဲ့ လူမျိုးရေး သွေးထိုးမှုကို သတင်းမက်ဆေ့ချ် ပေးဖို့ လိုအပ်ပါတယ်။ စစ်ကောင် စီဟာ သူတို့ရဲ့ စစ်အုပ်စု အကျိုးစီးပွားအတွက်ဆိုရင် ဘယ်လို မသမာမှုမျိုးကိုမဆို ကျူးလွန်ဖို့ အဆင်သင့် ရှိနေ ပါတယ်။ ပြည်တွင်းမှာလည်း လူမျိုးရေး သွေးခွဲပြီး ဘာသာရေး မှိုင်းတိုက်တာတွေကို လုပ်ဆောင်ပြီး စစ်အာ ဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေသလို၊ အခုလည်း တရုတ်နဲ့ လူမျိုးရေးသွေးထိုးပြီး တရုတ်ဆန့်ကျင် ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာ ထင်ရှားပါတယ်။”
ထို့အပြင် စစ်ကောင်စီက လူမျိုးရေးကို အခြေခံပြီး တစ်ဖက်နှင့် တစ်ဖက်ကြား မုန်းတီးမှုများ၊ ပဋိပက္ခများ ဖြစ် အောင် သွေးထိုးလှုံ့ဆော်နေသည့်အပြင် ဘာသာရေးကို အခြေခံသော သွေးထိုးလှုံ့ဆော်မှုများကိုလည်း လုပ် ဆောင်ခဲ့သည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလက နိုဝင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်ခဲ့သည့် NUG အစိုးရ၏ ၃၇/၂၀၂၃ အစည်းအဝေးတွင် ပြောဆိုထားသည်။
လက်ရှိတွင် တရုတ်နှင့် မြန်မာ လူမျိုးတို့ကို အခြေခံပြီး မှိုင်းတိုက်လုပ်ဆောင်နေသော စစ်ကောင်စီ၏ လုပ်ရပ် များကို တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများ သတိရှိကြရန် NUG ယာယီ သမ္မတက သူ၏ မိန်ခွန်းထဲတွင် သတိပေးထားသည်။
“ပြည်မဒေသမှာလည်း ရိုးသားတဲ့ဗမာ တိုင်းရင်းသားလူထုကို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော် တာမျိုးတွေကို စစ်အစိုးရ အဆက်ဆက်က ဟိုးယခင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်။ အခု နွေဦးတော် လှန်ရေးမှာ ဗမာလူထုဟာ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တာကို သိနားလည်ကြပြီဖြစ်လို့၊ စစ်ကောင်စီရဲ့ လုပ် ဇာတ်တွေ မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်။ ယခုလည်း စစ်ကောင်စီက မြန်မာလူထုအကြား တရုတ် ဆန့်ကျင်ရေး ဇာတ်သွင်းတာကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်။”
အောက်တိုဘာလ ၂၇ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်တွင် အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများနှင့် မြို့များ ကို စတင်တိုက်ခိုက်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော် MNDAA၊ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့က စတင်လိုက်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီမှာ ၎င်းတို့၏ တပ်စခန်းများနှင့် ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။
ပူးပေါင်းစစ်ဆင်ရေး၌ အောင်မြင်မှုများကို ယူဆောင်ပေးသည့်အတွက် ၁၀၂၇ စစ်ဆင်ရေးကဲ့သို့ နောက်ထပ် ပူးပေါင်းစစ်ဆင်ရေးများ ထပ်မံ ပေါ်ပေါက်လာဖို့ မျှော်လင့်သည်ဟု NUG ယာယီ သမ္မတက ဆိုသည်။
“တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးအောင်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲနဲ့ ထပ်တူဖြစ်တယ်လို့ ကျနော် တို့ အားလုံး ယူဆလက်ခံပြီး ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး အတွက် ဦးတည်တဲ့ မည်သည့် တော်လှန်ရေးမျိုးမဆို ကျနော်တို့ အားလုံးဟာ ဝမ်းမြောက်စွာ ကြိုဆိုပွေ့ဖက် ကြဖို့အမြဲ အသင့်ရှိနေရမယ်လို့ ပြောချင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဖြစ်ထွန်းလာမယ့် စစ်ဆင်ရေး အရပ်ရပ် မှာလည်း ပူးပေါင်းစစ်ဆင်ရေးတွေ အမြောက်အမြား ပေါ်ထွန်းဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ ၁၀၂၇ စစ် ဆင်ရေးက ပြသလိုက်တဲ့ စစ်ရေးအောင်ပွဲကြောင့် ပူးပေါင်းစစ်ဆင်ရေးတွေရဲ့ အကျိုးကျေးဇူးကို မျက်ဝါး ထင်ထင်တွေ့မြင်လိုက်ရပြီ ဖြစ်တယ်လို့ ပြောချင်ပါတယ်။”
စစ်စခန်းများနှင့် မြို့များကို ဆုံးရှုံးလိုက်ရသည့် နောက်တွင် စစ်ကောင်စီတပ်က တရုတ်-မြန်မယ်နယ်စပ်ရှိ တော်လှန်ရေး အင်အားစုများ ဖော်ဆောင်နေသော တိုက်ပွဲများ၊ စစ်ဆင်ရေးများ၏ နောက်ကွယ်တွင် တရုတ် အစိုးရ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု စစ်ကောင်စီ ဝါဒဖြန့် လောဘီများက တရုတ်နှင့် မြန်မာ အကြား အမုန်းပွားစေခြင်းများ၊ ပဋိပက္ခများ ဖြစ်ပွားအောင် ကျယ်ကျယ်ပြန့်ပြန့် ပြောဆို လုပ်ဆောင်လျက် ရှိကြသည်။