ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဟု KNU သုံးသပ်
စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေးအရာမှာ အဖက်ဖက်က ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးပြီး အပေးအယူလုပ်ကာ တွေ့ဆုံဆွေးနွေးမှုမျိုးတွေကို လုပ်ဆောင်လာနိုင်တယ်လို့ KNU က တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကို သတိပေးပြောဆိုလိုက်ပါတယ်။