တရုတ်-မြန်မာ အမုန်းမီးပွားအောင် စစ်ကောင်စီ ရန်တိုက်ပေးနေဟု NUG စွပ်စွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်။
၁၀၂၇ စစ်ဆင်ရေးကနေ စတင်လိုက်တဲ့ စစ်ဆင်ရေးတွေကြောင့် အဖက်ဖက်မှာ ရှုံးနိမ့်လာနေတဲ့ စစ်ကောင်စီဟာ လူမျိုးရေးကို အခြေခံပြီး တရုတ်-မြန်မာ အမုန်းမီးပွားအောင် မှိုင်းတိုက် လုပ်ဆောင်လာနေတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။