ကောလင်း ပကဖ က မူးယစ်ဆေးဝါးရောင်းဝယ်သူ ၅ ဦးအားဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဒေသခံ ၅ ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း Kawlin Revolution- KR မှ တာဝန်ရှိသူက ပြောသည်။

“သတင်းရရှိမှုအရ ဖမ်းဆီးတာမှာ ကိုစည်သူလွင်ကို အရင်မိတာပါဗျ၊ သူ့နေအိမ်မှာဘဲမိတာပါ၊ ကာလတန်ဖိုး တော့ မသိရသေးပါဘူး၊ သူတို့က အရင်ကတည်းက ရောင်းနေကြတဲ့သူတွေ တခြား ၄ ယောက်ကိုတော့ ကွင်း ဆက်ဖမ်း မိတာပါ” ဟု ပြောသည်။

ကောလင်းမြို့၊ မြို့ကုန်းရပ်ကွက်နေ ဦးစည်သူလွင် (ခ) အီတူး ဆိုသူအား ဘိန်းဖြူဟု ယူဆရသည့် ဒိန်ချဉ်ဗူးအ သေးတစ်ဗူးနှင့် ငွေကျပ် တစ်သိန်းကျော်တို့အား ပထဆုံးဖမ်းဆီးပြီးနောက် သုဝဏရပ်ကွက်နေ ကိုဝင်းမြင့်အား ဘိန်းဖြူဆပ်ပြာခွက် ၈ ခွက်၊ Grand ပုလင်းတွင် ထည့်ထားသည့် ဘိန်းဖြူတစ်ပုလင်း၊ အုန်းဆီဗူးတစ်ဗူး၊ ငွေကျပ် သိန်း ၂၀ ကျော်၊ ရွှေ နားကပ် ၃ ခု နှင့် Tecno ဖုန်းတစ်လုံး နှင့်အတူ ဖမ်းဆီးရမိခဲ့ကြခြင်း ဖြစ်သည်။

ထို့နောက် ကောလင်းမြို့နယ်ရှိ တောင်မော်တိုက်နယ်ရှိ ဆည်တိုကျေးရွာနေ ဦးငဗျော်အားလည်း ဘိန်းဖြူဆပ် ပြာခွက် ၁၁ ခွက် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အား ဒီဇင်ဘာလ ၆ ရက်နေ့၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အလားတူ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကောလင်းမြို့ မြောက်အင်းရပ်ကွက်နေ့ ဝတုတ်ကုန်မာဆိုင်ပိုင်ရှင် ဦးရဲရင့် အောင်နှင့် ဇနီးဒေါ်မြစန်းဌေးတို့အားလည်း ဘိန်းဖြူဆပ်ပြာခွက် ၁၅၅ ခွက်၊ ဘိန်း မဲ ၅၀ ကျပ်သားခန့်တစ်ထုပ် ၂၅ ကျပ်သားခန့်တစ်ထုပ်၊ WYဆေးပြား ၂၀၀ ခန့်ပါ အထုပ်ပေါင်း ၁၆၇ ထုပ်၊ လက်ဝတ်လက်စားများနှင့် ငွေကျပ် သိန်း ၂၈၀ ကျော်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း KR က ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသူများအား ပကဖ ကနေဖြင့် တရားဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကောလင်းမြို့ တွင် ပကဖ အနေဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီး အရေးယူဆောင်ရွက်ရာတွင် ယခုဖမ်းဆီးမှုသည် အများဆုံးဖြစ် ကြောင်း Kawlin Revolution-KR မှ တာဝန်ရှိသူက ပြောသည်။

Kawlin Revolution-KR မှ တာဝန်ရှိသူက “သူတို့ကို ဥပဒေအရ အရေးယူသွားမယ်လို့ သိရတယ်။ မြို့သိမ်းပြီး နောက်ပိုင်း ဖမ်းဆီးရမိတာ ဆိုရင်တော့ ပမာဏအများဆုံးပါ” ဟု ပြောသည်။

ကောလင်းမြို့အား နိုဝင်ဘာလ ၆ ရက်နေ့တွင် KIA၊ PDF၊ ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ထားနိုင်ခဲ့ပြီး ယနေ့အချိန်ထိ တော်လှန်ရေးအင်အားစုများမှ ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။

ကောလင်းမြို့အား NUG အစိုးရမှ အပြည့်အဝ ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။