တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၈ – ၁၂ – ၂၀၂၃ )

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ မြို့ထဲကိုမဝင်နိုင်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာအခက်အခဲကြုံနေရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ဖို့ ဖိအားပေး ပြောဆိုမှုတွေရှိနေတာကြောင့် ထိုင်းအစိုးရက ဒုက္ခသည်တွေကို လက်ခံကူညီမယ်လို့ ပြောဆိုမှုကို အပြည့်အဝ ယုံကြည်လို့ မရသေးဘူးလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်(KCSN)က ပြောဆိုလိုက်ပါတယ်။