ပြည်သူ့စစ် စခန်း ၂ ခုကို KIA တိုက်ခိုက် သိမ်းပိုက်
မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ စခန်းနှစ်ခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ သိမ်းယူနိုင်ခဲ့တဲ့ပြည်သူ့စစ်စခန်းတွေကတော့ လီဆူလူမျိုးတွေကို တပ်ဖွဲ့ထဲ စုစည်းဖို့ ကြိုးစားနေတဲ့ ဦးရွှေမင်းအဖွဲ့ရဲ့တပ်စခန်းသစ်နဲ့ ဘော်ဆာဘီးဒေသက ပြည်သူ့စစ်တပ်စခန်းတွေဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။