တနင်္သာရီတိုင်းအတွင်း ရဲတစ်ဦး လက်နက်နှင့်အတူ ပျောက်ကြားတပ်ထံ အလင်းဝင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်။

စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်ချင်တော့၍ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး လက်နက်၊ ကျည် ဆံများနှင့်အတူ အလင်းဝင်ရောက်လာသည်ဟု ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြော သည်။

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းမှ ရဲတပ်ဝင်တစ်ဦးသည် G3 အမျိုးအစား သေနတ်တစ်လက်၊ ကျည်အိမ် ၄ ခုနှင့် ကျည်တောင့် ၂၀၀ တို့ကို ယူဆောင်လာပြီး ဒီဇင်ဘာလ ၁၂ရက်နေ့က ပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းလာ ခြင်း ဖြစ်သည်။

ပုတီးတစ်လုံပြောက်ကျားတပ်ဖွဲ့ ရဲ့တာဝန်ရှိသူက “ဝင်းဝ ရဲစခန်းက တစ်ဦးက ဖုန်းဆက်ပြီး အလင်းဝင်ချင်တဲ့ အကြောင်းကြားတာပါ။ ဖုန်းဆက်လိုက်ရင် နီးစပ်ရာကို လိုက်ကြိုပေးပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်တွင် ဆက်လက်၍ တာဝန်မထမ်းလိုသူများအနေဖြင့် အချိန်မရွေး ဆက်သွယ်လာရန် ဖုန်းနံပါတ်များကို သရက်ချောင်းမြို့နယ်အထဲမှ ကျေးရွာများ၌ စာကပ်ပြီးဖြစ်သည်ဟု ဆိုသည်။

ထိုသို့ စာများလိုက်ကပ်ပြီး တစ်လခန့်အကြာတွင် ယခုကဲ့သို့ အလင်းဝင်လာခြင်းဖြစ်သည်ဟု ပုတီးတစ်လုံး ပြောက်ကျား တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ဝင်းဝရဲစခန်းကတစ်ဦးက ဖုန်းဆက်ပြီး အလင်းဝင်ချင်တဲ့ အကြောင်း ကြားတာပါ။ ဖုန်းဆက်လိုက်ရင် နီးစပ် ရာကို လိုက်ကြိုပေးပါတယ်။”

ပြည်သူ့ရင်ခွင်ထံ ခိုလှုံပြီး ပူးပေါင်းလာသည့် ရဲတပ်သားကို ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ မှ နွေးထွေးစွာ ကြို ဆိုခဲ့ကြပြီးနောက် ငွေကျပ် ၃၅ သိန်းကို ချီးမြှင့်ပေးခဲ့ ကြသည်။

လက်ရှိတွင် ပြည်သူများဘက်ကို ရပ်တည်လာသူ ရဲတပ်သားကို လုံခြုံစိတ်ချရသည့် တာ၀န်ရှိသူများဆီသို့ ပို့ ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ လက်အောက်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားနှင့် ရဲတပ်သားများသည် အမြန်ဆုံး ပြည်သူ့ ရင်ခွင်သို့ ခိုလှုံလာကြရန်နှင့် CDM ပြုလုပ်ကြရန်လည်း ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်း ထားသည်။