တိုင်ရင်းသားဘာသာ သတင်းအစီအစဉ် ( ၁၅ – ၁ – ၂၀၂၄ )
တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှု ဖိအားပေးမှုတွေကြောင့် မြန်မာစစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲထားဖို့ သဘောတူညီခဲ့ပါတယ်။
ရခိုင်ပြည်ကို အခြေပြုတိုက်ခတ်ခဲ့တဲ့ ‘မိုခါ’မုန်တိုင်းကြောင့် ပင်လယ်ဆားငန်ရည်ဝင်ရောက်ခဲ့တဲ့မြို့တွေက လယ်ယာစပါးခင်းတွေဟာ စပါးရိတ်ရာသီမှာ အရင်နှစ်ထက် အထွက်နှုန်း ၈၀ ရာခိုင်နှုန်းထက်မနည်း လျှော့ကျသွားခဲ့တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။
ကရင်နီပြည်အတွင်းရှိ လူမျိုး ၉ မျိုးထဲက တစ်မျိုးဖြစ်တဲ့ ကော်ယော် (မနုမနော)လူမျိုးတွေရဲ့ အမျိုးသားနေ့ကို စစ်ရေးပဋိပက္ခတွေကြားက ဖရူဆိုမြို့နယ်ထဲရှိ ကော်ယော်လူမျိုးတွေနေထိုင်တဲ့ ရွာတစ်ရွာမှာ ကျင်းပခဲ့ကြပါတယ်။