ထိုင်းနယ်စပ်၊တနင်္သာရီမြို့နယ်ထဲက ရွာတစ်ရွာအား စစ်တပ်က လေကြောင်းမှဗုံးကြဲ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်။ ဖေဖော်ဝါရီလ ၆ ရက်။
ထိုင်းနိုင်ငံနယ်စပ်အနီးရှိသည့် တနင်္သာရီမြို့နယ် မောတောင်ငယ်ကျေးရွာကို Mi-2 ရဟတ်ယာဉ်ဖြင့် စစ်ကောင်
စီတပ်မှ ဗုံးကြဲခဲ့သည်ဟု KNU ၏ တနင်္သာရီမြို့နယ် ဥက္ကဋ္ဌဖြစ်သူ ပဒိုစောညာဝါးက ပြောသည်။
စစ်ကောင်စီမှ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက် ခိုက်မှုကြောင့် အရပ်သား ကုန်တင်ကား တစ်စီး ထိမှန်ပြီး ကားအရှေ့ လေကာမှန်ကွဲသွားကာ လူထိခိုက်သေဆုံးမှု မျိုး မရှိခဲ့ဘူးဟု ဆိုကြသည်။
ပဒိုစောညာဝါးက “ရဟတ်ယာဥ်ပေါ်ကနေ လက်နက်ကြီးနဲ့ ကြဲချတာ၊ စက်လက်နဲ့ ပစ်တာ မဟုတ်ပါဘူး၊ တစ်လုံးပြီး တစ်လုံးပစ် ချ ကြဲတာဆိုတော့ ဗုံးကျတဲ့ဧရိယာ ကျယ်တယ်။ လူကတော့ ထိခိုက်မှုမရှိပါဘူး” ဟု ပြော သည်။
စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်နေရာမှာ တနင်္သာရီမြို့နယ် ထုံခါ – မောတောင် ကုန် သွယ်ရေး လမ်းမကြီးပေါ် ရှိ မောတောင်ငယ်ကျေးရွာဖြစ်ပြီး တောင်ပိုင်းညီနောင် တပ်ပေါင်းစု – SBA စစ်
ကြောင်းမှ လာရောက် ဂိတ်ချထားသည့်နေရာ ဖြစ်သည်ဟု ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ဗုံးကြဲခဲ့သည့် စစ်ကောင်စီစစ်ကောင်စီတပ် ရဟတ်ယာဥ်မှာ မြိတ်မြို့ဘက်မှ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ် ပွားနေခြင်းမရှိဘဲ လာရောက်ကြဲချခဲ့ခြင်း ဖြစ်သည်ဟု မောတောင်မြို့မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထုံခါ၊ မောတောင်ငယ်၊ သဲဖြူ စသည့် ကျေးရွာများမှာ ပြည်သူ့ ကာကွယ်ရေးတပ်များဘက်မှ နယ်မြေ ထိန်းချုပ် ထားနိုင်သည့် ရွာများဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းကဖြစ်ပွားခဲ့သည့် ချောင်းနှစ်ပေါက်၊ သဲဖြူကျေးရွာ တိုက်ပွဲ ဖြစ်ပြီးကတည်းက တိုက်ပွားဖြစ်ပွားခြင်း မရှိတော့ကြောင်း သိရသည်။
ကြဲချခဲ့သည့်နေရာ အတော်များများတွင် ၈၁ မမ လက်နက်ကြီး အခွံများကို တွေ့မြင်ခဲ့ရသည်ဟု ပဒိုစောညာဝါး က ပြောသည်။
မောတောင်ငယ်ကျေးရွာသည် မောတောင်မြို့၏ မြောက်ဘက်တွင်ရှိပြီး ကရင်တိုင်းရင်းသားအများစုနေထိုင်ကာ ဥယျာဉ်ခြံမြေလုပ်ငန်း အဓိကလုပ်ကိုင်သည့် ကျေးရွာ ဖြစ်သည်။
စစ်ကောင်စီ၏ ရဟတ်ယာဥ်မှ မောတောင်ငယ်ကျေးရွာအား ဗုံးသီး ၁၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီးနောက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မြိတ်မြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားသည်ဟု ရွာသားများက ပြောသည်။
ဇန္နဝါရီလ ၃၀ ရက်နေ့ကလည်း မီးလောင်ချောင်း စခန်းသိမ်း တိုက်ပွဲကို စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ကူ ပေးခဲ့ပြီး ဖေဖေါ်ဝါရီလ ၂ရက်နေ့တွင် တနင်္သာရီမြို့နယ် ဘန်လောကျေးရွာနှင့် ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာ တို့ကို ရဟတ်ယာဥ်ဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။