နမ္မတီး-လဝါးလမ်း ဖမ်းဆီးစစ်ဆေးမှုများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမှ ဖားကန့်မြို့နယ်အတွင်းရှိ လဝါးသို့သွားသော လမ်းပေါ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးမှုများ ရှိနေသည်ဟု ဒေသခံများ နှင့် ခရီးသွားပြည်သူများက ပြောသည်။
နမ္မတီး – လဝါး ဆက်သွယ်ထားသည် လမ်းမကြီးပေါ်ရှိ မရန်ကထောင်ဆိုသည့် စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည် သူများအား တားဆီးစစ်ဆေးမှုများ တင်းကြပ်ထားသည့်အပြင် လူငယ် ၆ ဦးထက်မနည်း ဖမ်းဆီးခံထားရသည် ဟု ပြောသည်။
ခရီးသွားပြည်သူ တစ်ဦးက “၁၉ ရက်နေ့က ဖမ်းခံရတာလည်းရှိတယ်။ အဲ့နေ့ကတော့ ကျနော်စီးတဲ့ကားဆရာ ပြောတာ ၃ ယောက်အဖမ်းခံရတယ်တဲ့။ နောက်ပြီး ရှေ့ ၃ ရက်လောက်ကလည်း သုံးလေးယောက် အဖမ်းခံရ တာ ရှိတယ်တဲ့။ မရန်ကထောင်ဂိတ်မှာ ဖမ်းတာပါ။ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့လောက်ကစပြီး စစ်ဆေးတာ တော် တော်ဆိုးတယ်။ မှတ်ပုံတင်ပြရုံတင်မကဘူး အသေးစိတ်မေးတယ်။ ယောက်ကျားလေးတွေဆို ပိုစစ်တယ်” ဟု ပြောသည်။
ခရီးသွားလူငယ် ၃ ဦးအား မရန်ကထောင်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် များက ဖမ်းဆီးထားခဲ့သည်ဟု ဆိုသည်။ သို့သော် ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့် အကြောင်း အရင်းကြောင့် ဖမ်းဆီးထားကြောင်းကိုမူ မသိရသေးပေ။
အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း ထိုမရန်ကထောင်စစ်ဆေးရေးဂိတ်တွင် ခရီးသွား အမျိုးသား လူငယ် ၄ ဦးခန့်ကို ဖမ်းဆီးခဲ့ကြောင်း ကားဆရာများနှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။
၎င်း လူငယ် ၄ ဦးနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေကိုလည်း ယနေ့အချိန်ထိ မသိရသေးဘူးဟု ဒေသ တွင်း သွားလာလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။
“စစ်တပ်ရော၊ ရှမ်းနီရော အစုံပဲ။ ပြည်သူ့စစ်အဖွဲ့တွေလည်း ထိုင်တယ်။ တချို့ဂိတ်တွေမှာ သူတို့က စုပေါင်း ထိုင်တယ်။ တချို့နေရာမှာတော့ စစ်တပ်ပဲ ထိုင်ထားတယ်။ အခုက တော်တော်လေးကို အစစ်အဆေး များနေ တယ်” ဟု ပြောသည်။
ကချင်ပြည်နယ်အတက် ဆိုပါက မှတ်ပုံတင်ကို စစ်ဆေးပြီး ကချင်ပြည်နယ် မှတ်ပုံတင်များကိုသာ ခရီးဆက်သွားခိုင်း ကြောင်း အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
“ကချင်ပြည်အတက်ဆိုရင် မှတ်ပုံတင်ကိုကြည့်ပြီး တစ်မျဉ်းစောင်း (၁/) ဆိုရင်တော့ နည်းနည်းပါးပါးမေးပြီး ပြန်လွှတ်တယ်။ ကျန်တဲ့မျဉ်းစောင်းတွေကတော့ ဖမ်းခံရတာ များတယ်။ တချို့လည်း ပိုက်ဆံ သိန်းချီပေးရ တယ်။ တချို့လည်း အဖမ်းခံရတယ်။ တချို့ကိုတော့ ဂိတ်ကနေ လှည့်ပြန်ခိုင်းတယ် အမျိုးမျိုးပေါ့။ ဒီကောင် တွေ ကြိုက်သလိုလုပ်နေကြတာ။”
ဒေသတွင်း ယာဉ်လိုင်းပြေးဆွဲနေသော ယာဉ်မောင်း ကားဆရာများ၏ ပြောပြချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာသည်ဟု သိရသည်။
ထို့အပြင် ဖားကန့်-မြစ်ကြီးနား ကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ကောင်စီတပ်၊ ရှမ်းနီ လက် နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက ခရီးသည်တင်ကားများ စစ်ဆေးခြင်း၊ ခရီးသည်များအနေဖြင့် ဖား ကန့်တွင် နေထိုင်သော ထောက်ခံစာများပါမှသာ ခရီးဆက်ခွင့် သွားလာခွင့် ပြုသည်ဟု ကားဆရာများက ပြော သည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကလည်း အင်းတော်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ ခရီးသွားပြည်သူများ အား မှတ်ပုံတင်ကိုင်ကာ လမ်းဆင်းလျှောက်ခိုင်းပြီး စစ်ဆေးနေသည်ဟု Indaw Revolution-IR အဖွဲ့က ထုတ် ပြန်ထားသည်။
ဓါတ်ပုံ – Crd (ပုံဟောင်း – မရန်ကထောင်စစ်ဆေးရေးဂိတ်)