တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၅ – ၃ – ၂၀၂၄ )
ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၃၈ နှစ်နီးပါး လက်လွှတ်ခဲ့ရတဲ့ ဌာနချုပ်စခန်းဟောင်းဖြစ်တဲ့ နားဖော့ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
KNU နယ်မြေအတွင်း ကော့ကရိတ်မြို့နယ်တောင်ပိုင်းက ကျိုက်ဒုံစစ်ကောင်စီဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲမှာ ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၆၆ ယောက် လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးကို လုပ်ဆောင်ရာမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ မူဝါဒ သဘောထားတွေနဲ့ အံဝင်ဂွင်ကျဖြစ်အောင် လုပ်ဆောင်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းပြောဆို လိုက်ပါတယ်။