နားဖော့ ဗျူဟာကုန်းကို KIA ပြန်သိမ်းပြီ
ကချင်ပြည်နယ်မှာ နှစ်ပေါင်း ၃၈ နှစ်နီးပါး လက်လွှတ်ခဲ့ရတဲ့ ဌာနချုပ်စခန်းဟောင်းဖြစ်တဲ့ နားဖော့ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။