ဂျင်ဝိုင်းက ပစ်ခတ်ဖမ်းဆီးရာ လူနှစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်။
ရှမ်းပြည်တောင်ပိုင်း ပင်းတယ မြို့နယ်အတွင်း ဂျင်ဝိုင်းကို ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ဖမ်းဆီးရာတွင် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု ရွာခံများက ပြောသည်။
ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပန်းစစ်ကျေးရွာရှိ ဂျင်ဝိုင်း ကျင်းပ နေသည့် လူနေအိမ် တစ်အိမ်အား ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ပစ်ခတ်ဖမ်းဆီးရာတွင် အရပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်ဖမ်းခဲ့ခြင်း ဖြစ်ပြီး ၁၀ ဦး ထက်မနည်း ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း ၃ ဦးမှာ လက်ရှိအချိန်အထိ အဆက်အသွယ် မရဘဲ ပျောက် ဆုံးနေသည်ဟု ဆိုသည်။
ထွက်ပြေးလွတ်မြောက်ခဲ့သူများနှင့် နီးစပ်သူ တစ်ဦးက “စစ်သားက ခွင့်ပြုလို့ လုပ်ခွင့်ရတာ ဟုတ်တယ်။ ဒါပေ မယ့် အခုလာဖမ်းတာက PNO ယောင်ယောင် စကစ ယောင်ယောင်နဲ့ လာဖမ်းတာ။ PNO ဆိုတာကို သူတို့က ပအိုဝ်းစကားပြောလို့ သိတာ။ အသတ်ခံရတဲ့ မဲနယ်တောင်ရွာက တစ်ယောက်ဆိုတာ ပင်းတယ ပအိုဝ်းရွာလေ။ အဲဆိုတော့ အဲ့ဒီကလူတွေ ဆော့တဲ့နေရာမှာ အများကြီးပါတယ်။ အဲမှာ သူတို့ချင်း ပအိုဝ်းလို ပြောတဲ့ဟာတွေ ရှိတော့ ပအိုဝ်းပြည်သူ့စစ်ဆိုတာ ကျနော်တို့က သိတာ” ဟု ပြောသည်။
သေဆုံးသူ ၂ ဦးမှာ မဲနယ်တောင်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ အသက် ၆၀ အရွယ် ဦးကြီးဖေနှင့် ပန်းစစ်ကျေးရွာနေ အသက် ၃၇ အရွယ် ဦး၀င်းနိုင်တို့ ဖြစ်သည်ဟု နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
သေဆုံးသူနှင့် နီးစပ်သူ တစ်ဦးက “သူတို့က ဟိုလိုမျိုး မင်္ဂလာပွဲဆိုလည်း လုပ်တာပဲ။ အသုဘဆိုလည်း လုပ်တာ ပဲ ရှင်ပြုပွဲဆိုလည်း လုပ်တာပဲ။ ဘာပွဲနေနေ လုပ်တယ်။ ခွင့်လည်း ခွင့်ပြုတယ်။ အဓိကတော့ အုပ်ချုပ်ရေးမှူး ခွင့်ပြုမိန့်ပဲ။ အုပ်ချုပ်ရေးမှူးက စကစနဲ့ Link ရှိ တယ်။ ကြားဖူးတဲ့ တစ်ခါတုန်းက ဘယ်မှာလဲမသိ ဝင်ဖမ်း တာ။ အုပ်ချုပ်ရေးမှူးကို သတင်းပို့တော့ နင်တို့က ငါ့ ကိုမှ မပြောတာ။ ငါ့ကို ပြောလို့ရှိရင် ဒီလိုမျိုး ဖမ်းစရာ လည်း မရှိဘူးတဲ့။ ၁၄-၁၅ သိန်း ပေးလိုက်ရင် ပြီးနေတဲ့ ကိစ္စကိုဆိုပြီး ပြောတဲ့ဟာတွေ ရှိတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၆ လခန့်ကတည်းက ပန်းစစ်ကျေးရွာတွင် စစ်ကောင်စီသတင်းပေး ဒလန် ၂ ဦး ရှင်းလင်းခံရသော ကြောင့် စစ်ကောင်စီတပ်နှင့် PNA တပ်တို့ မလာရောက်သည်မှာ ကာလအတော်တန် ကြာပြီ ဖြစ်ပြီး ယခု တစ် ကြိမ်တွင် အုပ်ချုပ်ရေးမှူးထံမှ ဆက်ကြေး မရသောကြောင့် လာရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။
နယ်မြေအလိုက် အုပ်ချုပ်ရေးမှူးများက စစ်ကောင်စီနှင့် ညှိနှိုင်းပြီး လောင်းကစားဝိုင်းများကို လုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “သူတို့ အဓိက အုပ်ချုပ်ရေးမှူး နဲ့ ညှိပြီး စကစကို ပေးတာပေါ့။ အခု နောက်ပိုင်းကျတော့ ပုံမှန် သူ့နယ်မြေဆိုရင် သူ့အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီးမှ လုပ်ကြတာတော့ အကုန်လုံး နီးပါးပါပဲ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယမြို့နယ်တွင် ပျူစောထီးများ၏ ဦးဆောင်မှုဖြင့် လောင်း ကစားဝိုင်းနှင့် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေပြီး ထိုမှရသည့် ဆက်ကြေး များအား စစ်ကောင်စီတပ်ထံ ပေးပို့နေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် ယင်းဒေသများ၌ စစ်ကောင်စီတပ်က စစ်အသုံးစရိတ်များလည်း လစဉ် ကောက်ခံနေပြီး ဧပြီလအကုန် တွင် စစ်မှုထမ်းဆောင်ရန် မဲနှိုက်ခေါ်ယူမည်ဟု ဆိုသည်။