ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရသည်ဟု ရွာသားများက ပြောသည်။

ခမောက်ကြီးမြို့နယ်၊ စူငယ်ဘာလိုင်း ကျေးရွာအုပ်စု၊ အောင်မြန်မာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဒီပါမှာ သေနတ် ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “စစ်မှုထမ်းဖို့ ရွာသားတွေဆီက ငွေကြေးကောက်ခံတာတွေ၊ CDM ဝန် ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေညှစ်တာတွေလည်း လုပ်တယ်” ဟု ပြောသည်။

ဥယျာဥ်ခြံအတွင်းမှ ပြန်လာသည့် အုပ်ချုပ်ရေးမှူး ဦးဒီပါမှာ နေအိမ်ရှေ့ အရောက်တွင် ပစ်ခတ်ရှင်းလင်းခံခဲ့ရ ခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) က ဦးဒီပါကို ၎င်းတို့ အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့တွင် ထုတ် ပြန်ထားသည်။

အုပ်ချုပ်ရေးမှူး ဦးဒီပါမှာ ဒေသခံပြည်သူများအား ခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီအား သတင်းပေးခြင်းများကို လုပ်နေသူ တစ်ဦးဖြစ်သည်ဟု ဆိုကြသည်။

ဦးဒီပါကဲ့သို့ ပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်ခြင်းနှင့် စစ်ကောင်စီ သတင်းပေး ပြုလုပ် နေသူများကို လည်း စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကျေးရွာအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင်ပါဝင်သူများ၏ နေအိမ်များကို လိုက်လံ ပြသပြီး စစ်ကောင်စီကို ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေခြင်းကြောင့် PDF အဖွဲ့များမှ သတိပေးခြင်း ခံထားရ ဖူးသူလည်း ဖြစ်ကြောင်း ရွာသားများက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဒီပါသည် ငွေကြေးယူပြီး လောင်းကစားဝိုင်း ထောင်ကာ ကိုယ်တိုင် လောင်းကစားလုပ်နေ သည့် အပြင် စစ်မှုထမ်းရန်အတွက် ပြည်သူများထံမှ ငွေကြေး ကောက်ခံခြင်းများကိုလည်း လုပ်နေသည်ဟု စုံစမ်းသိရှိရသည့် အတွက် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် – ပကဖ အဖွဲ့တာဝန်ရှိသူက ပြောသည်။

ဧပြီလ ၃ ရက်နေ့က ခမောက်ကြီးမြို့၊ ဝိုင်ဒင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သေးကြောင်း သည်။

တစ်နေ့တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် နေအိမ် ၆ ဆောင် မီးလောင်ပျက်စီးခဲ့သည်။