ဖျာပုံထောင်မှ နိုင်/ကျဉ်းများအပါအဝင် အကျဉ်းသား ၁၈ ဦးကို ထပ်တိုးထောင်ဒဏ်များ ချမှတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်။
ဖျာပုံထောင် ရုန်းရင်းဆန်ခတ်မှု နိုင်/ကျဉ်းများ အပါအဝင် အကျဉ်းသား ၁၈ ဦးကို ထောင်ဒဏ် ထပ်တိုး ချမှတ် လိုက်သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူများက ပြောသည်။
ဖျာပုံထောင်တွင်း၌ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ ဖြင့် အမှုရင်ဆိုင်နေရဆဲ ဖြစ်သော အသက် ၃၃ နှစ်အရွယ်ရှိ နိုင်ငံရေး အကျဉ်းသား ကိုနန်းလင်းအောင်ကို ထောင်ဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်ဆိုသူ က အ ကြောင်းမဲ့ အပြစ်ရှာရိုက်နှက်သဖြင့် ဖြေရှင်းပေးရန် အကျဉ်းသားများက တောင်းဆိုရာမှ ရုန်းရင်းဆန်ခတ် ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသား ၁၈ ဦးကို ယခု ဧပြီလ ပထမပတ်အတွင်းက ထောင်တွင်း တရားရုံးတွင် ထောင်ဒဏ် ၆ လစီ ထပ်တိုး အမိန့်ချ မှတ် လိုက်သည်ဟု ဧရာဝတီတိုင်း အကျဉ်းဦးစီးဌာနက ဝန်ထမ်းတစ်ဦးက ပြောသည်။
“ထောင်အမှုထမ်းက နိုင်ကျဉ်း တစ်ဦးကို ရိုက်လို့ အမှုထမ်းတွေနဲ့ အကျဉ်းသားတွေ စကားများပြီး ရုန်းရင်း ဆန် ခတ် ဖြစ်တဲ့ကိစ္စကို ထောင်ကထွက်ပြေးဖို့ ကြံစည်တယ် ဆိုပြီး ထောင်ထပ်ချတာ။ အရိုက်လည်း ခံထားရတယ်။ ထောင်ဝင်စာကိုလည်း ပိတ်ထားတယ်။ ၁၈ ယောက်လုံးကိုလည်း တိုက်ပိတ်ထားတယ်” ဟု အကျဉ်းဦးစီး ဌာန ဝန်ထမ်းတစ်ဦး က ပြောသည်။
ဖျာပုံထောင်တွင်း မှာ မတ်လ ၃၁ ရက်နေ့ က ဖြစ်သော အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ ဖြစ်ပွားခဲ့ သော ရုန်းရင်းဆန်ခတ်မှု ကို စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့က သေနတ် ပစ်ဖေါက်ကာ ရိုက်နှက် ဖြိုခွင်းပြီး နောက် စစ် ကောင်စီ၏ ဖျာပုံခရိုင် တရားသူကြီး က ထောင်ပြေးမှု ပုဒ်မ ၂၂၄ ဖြင့် စွပ်စွဲကာ အမိန့်ချလိုက် ခြင်းဖြစ်သည်။
စစ်ကောင်စီက ထောင်ဒဏ် ၆ လ ထပ်တိုး အမိန့်ချလိုက်သူ ၁၈ ဦးတို့တွင် နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြ သည့် ကိုနန်းလင်းအောင်၊ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုရှိုင်းညီညီ၊ ကိုသုတဇံ နှင့် ဦးစိုး တို့ ပါဝင်သည်ဟု ဖျာပုံဒေသခံ တရားလွှတ်တော် ရှေ့နေတစ်ဦး က ပြောသည်။
ဖျာပုံဒေသခံ တရားလွှတ်တော် ရှေ့နေတစ်ဦး က “ထောင်အမှုထမ်းက တာဝန်ချိန်မှာ အရက်သောက်တယ် မူး ပြီး နိုင်ကျဉ်းကောင်လေးကို အကြောင်းမဲ့ ရမယ်ရှာ ရိုက်တယ်။ ဒါကို ထောင်စည်းကမ်း ဥပဒေနဲ့အညီ ဆောင် ရွက်ပေးရမှာ။ အခုက ဥပဒေ စည်းကမ်း ဆိုတာ စစ် တပ် အာဏာသိမ်း ပြီးကတည်းက မြောင်းထဲ ရောက်သွား တာ” ဟု ဆက်ပြောသည်။
ဖျာပုံထောင်တွင်း၌ အကျဉ်းသားများ နှင့် ထောင် ဝန်ထမ်းများအကြား မတ်လ ၃၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုကို ဖျာပုံရှိ စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့က ထောင်အတွင်းသို့ သေနတ်ပစ်ဖေါက် ဝင်ရောက်စီးနင်းကာ ရိုက်နှက် ဖြိုခွင်းခဲ့ပြီး အကျဉ်းသား ၈၀ ကျော်ကို ချုပ်နှောင် ရိုက်နှက် ခဲ့ ရာ ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။
ဒဏ်ရာ အသီးသီး ရရှိထားသော အကျဉ်းသားများကို လုံလောက်သည့် ဆေးကုသခံခွင့် မပေးသည့် အပြင် ဧပြီ လ ၇ ရက်နေ့ အချိန်အထိ အဆိုပါ အကျဉ်းထောင်၌ ထောင်ဝင်စာ ပါဆယ် ပို့ခွင့်ကိုပါ ပိတ်ထားသည်ဟု အကျဉ်း သားများ၏ မိသားစုဝင်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလဆန်းပိုင်းက ပုသိမ်အကျဉ်းထောင် အတွင်း၌ နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင် အာဏာပိုင်များက အကြောင်းမဲ့ အနိုင်ကျင့် နှိပ်စက်ကြသဖြင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ဘူး သည်။