စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိသားစုဝင် ၃ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်အတွင်းက ပစ်ခတ်မှု တိုက်ပွဲထဲ အရပ်သားနေအိမ်ပေါ် လက်နက်ကြီးကျည် ကျပြီး မိသားစု ၃ ဦးထိမှန် သေဆုံးသွားခဲ့သည်။
ကလိန်အောင်မြို့က ယာဖူးရွာသစ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွာသားများက ပြောသည်။
ကူညီလုပ်ကိုင်ပေးခဲ့သူ အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “မိသားစုသုံးဦးစလုံးက အိမ်ပေါ်မှာနေကြတဲ့ အချိန်၊ အိမ်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ခဲ့တာ ပါ။ အဖေ နဲ့ သမီးဖြစ်သူက နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်။ အမေဖြစ်သူကတော့ ဆေးရုံကို ပို့ရင်း လမ်းခု လတ်မှာ သွေးထွက်လွန်ပြီး ဆုံးသွား တာ” ဟု ပြောသည်။
ဇွန်လ ၇ ရက်နေ့၊ မွန်းလွှဲပိုင်း ၂ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် တစ်လုံးယာဖူးရွာသစ်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၃ ဦး သေဆုံးသွားခဲ့ သည်။
နေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ရပြီး သေဆုံးသွားသူ မိသားစုဝင်များမှာ အသက် ၄၀ နှစ်အရွယ် ဦးအောင်အောင်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်လားဝါးထူးနှင့် လသားအရွယ်သမီးတို့ ဖြစ်ကြကြောင်း ရွာသား တစ်ဦးက ဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှု တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး ရွာသားများ ဘေးလွတ်ရာကို တိမ်းရှောင်နေကြ ရသည်။
နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး မကြာခင်မှာပင် ရားဖူးရွာဟောင်းဘက်မှ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ နှစ်ဖက်ကြား ပြန်လည်ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့ရာ ညနေပိုင်းအချိန်ထိ တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ရွာသားများက ဆိုသည်။
ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင် ၆၀ ကျေးရွာသို့ ရောက်ရှိလာပြီး လူမရှိသည့် နေအိမ်များပေါ်မှ အဖိုးတန်ပစ္စည်းများကို ယူသွားကြသည်ဟု ရွာသားများက ပြောသည်။
ထို့အပြင် ည ၈ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီ လက်အောက်ခံ မောရဝတီရေတပ်မှ မိချောင်းလှောင်း ကျေးရွာ ဘက်သို့ လက်နက်ကြီးကျည်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး အသက် ၄၀ ခန့်အရွယ် အမျိုးသား တစ်ဦး နောက်ကျော တွင် ကျည်စ ထိမှန်ဒဏ်ရာရှိခဲ့သေးကြောင်း ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်ဘက်က ယခု ဇွန်လ ၄ ရက်နေ့ကတည်းက စစ်ကြောင်းနှစ်ကြောင်းခွဲကာ မလွှဲတောင် စစ်ဆေး ရေးဂိတ်ဘက်သို့ ဦးတည် စစ်ကြောင်းထိုးနေပြီး ကားလမ်းမကြီးတလျှောက် နယ်မြေစိုးမိုးရန် ကြိုးစားနေခြင်း ကြောင့် ရက်ရှည် စစ်ရေးတင်းမာနိုင်နေသည်ဟု ဆိုကြသည်။
ယာဖူးရွာသစ်သည် ရန်ကုန် – ထားဝယ် ကားလမ်းမပေါ်တွင် ရှိပြီး မလွှဲတောင် စစ်ဆေးရေးဂိတ်နှင့် ၁၄ မိုင်ခန့် သာ ကွာဝေးသည်။
ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ကလည်း မောရဝတီရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်ရှိ နေအိမ်နှစ်စ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဆယ်ကျော်သက် မောင်နှမ နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။