ဆီဆိုင်တွင် စစ်တပ်နှင့် PNA ပူးပေါင်းတပ်တို့ တိုက်ခံရပြီး ၃ ဦး ပွဲချင်းပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA တို့ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်တို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် PNLA အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခံခဲ့ခြင်း ဖြစ်သည်။

PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မနေ့က ကျနော်တို့ နေထိုင်နေတဲ့ တောတောင်ထဲကို သူတို့က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ကြတယ်။ သူတို့ဘက်က ကျတော့ ပြန်ဆုတ်သွားတယ် ပေါ့ နော်ဟု ပြောသည်။

ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ၊ ထမ်းယံတိုင်ရွာ တစ်ဝိုက်နေရာများထဲ စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ် နှင့် PNA ပူးပေါင်းတပ်တို့ကို ဇွန်လ ၁၈ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်များက ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ကားများ ကို ချောဆွဲအသုံးပြုခြင်း၊ အိမ်မွေးတိရစ္ဆာန်များကို သတ်ဖြတ်ပြီး ရိက္ခာအတွက် ယူသွားခြင်းများကို လုပ်လေ့ ရှိ သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် သူတို့က ရွာထဲကို တပ်စွဲတယ်။ စာသင်ကျောင်းတွေကို တပ်စွဲတော့ ကလေးတွေလည်း ပညာရေး အခွင့်အရေး ဆုံးရှုံးကုန်တယ်ပေါ့လေ။ ပြီးတော့ သူတို့က ရွာတွေထဲ အထိုင်ချပြီးတော့ လက်နက်ကြီးနဲ့ တောင် ယာတွေဘက်ကို လျှောက်ပစ်တယ်ပေါ့နော်။ ပြည်သူပြည်သားတွေကိုလည်း အပြင်ထွက်ခွင့် မပေးဘူးပေါ့ နော်။ ရွာပြင်ထွက်ရင် တော်လှန်ရေး တပ်ဖွဲ့ဝင်လို့ သတ်မှတ်ပြီးတော့ ပစ်သတ်မယ် အဲ့လိုမျိုးတွေ ခြိမ်းခြောက် တဲ့ အခါကျတော့ စိုက်ပျိုးရာသီရောက်ပြီ မိုးလည်းကျပြီ‌ဆိုပေမယ့် ဒေသခံတွေကတော့ စိုက်ပျိုးရေးလည်း မလုပ်နိုင်သေးဘူးပေါ့ ဟု ခွန်ရိန်းယံက ပြောသည်။

ထို့အပြင် အမျိုးသမီးများအပေါ်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်ဖွဲ့ တို့က ကျူးလွန်လေ့ရှိသည်ဟု ဒေသခံရွာသားများက ပြောသည်။

အလားတူ ဒေသခံ ရွာသူရွာသားများကို နေ့စဉ်အလှည့်ကျ လက်နက်သယ်ခိုင်းခြင်းနှင့် အိမ်ထောင်စုအားလုံးကို ထမင်းဟင်းချက် ပို့ခိုင်းခြင်းမျိုးကိုလည်း လုပ်ခိုင်းလေ့ရှိသည်ဟု ဆိုကြသည်။

ဟင်းကိုလည်း နေ့တိုင်း အသားဟင်း ချက်ခိုင်းခြင်းမျိုး ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဒေသခံတစ်ဦးက ဒီမနက်လည်း စစ်ကောင်စီတွေက တောင်ယာတွေထဲကို လက်နက်ကြီးတွေ ရမ်းသန်း ပစ် ခတ်မှု ရှိနေဆဲ ဖြစ်ပါတယ်။ ဒါက ပြည်သူလူထုကို ကြောက်လန့်အောင် လုပ်နေတာပဲ ဖြစ်တယ်ပေါ့နော်။ ပြည်သူလူထုကို ခြိမ်း ခြောက်နေတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒါက လက်နက်ကိုင်ထားသူတွေက လက်နက် မရှိတဲ့ ပြည်သူကို ရွာပြင် ပေးမထွက်တာမျိုးတို့ ပစ်သတ်မယ် ခြိမ်းခြောက်တာမျိုးတို့ ဒါက အကြမ်းဖက်တာပဲ ဖြစ်ပါတယ်။ ဂုဏ် သိက္ခာရှိတဲ့ လက်နက်ကိုင်ထားတဲ့ လူတွေ မဟုတ်တော့ဘူး။ ဒါက အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ပဲ ဖြစ်တယ်ပေါ့လေဟု ပြောသည်။

မေလ နောက်ဆုံးပတ်ကစတင်ပြီး စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များမှာ အင်အား ၅၀၀ ကျော်နှင့် ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံ စသည့် နေရာ ၃ နေရာကို တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးနေပြီး လွိုင်ကော်မြို့ ကို အပြီးသတ် ထိန်းချုပ်နိုင်ရေး ပြင်ဆင်နေကြသည်ဟု ခွန်ရိန်းယံက ပြောသည်။

ပင်လောင်းမြို့နယ်ထဲ စစ်ကောင်စီတပ်နှင့် PNA တပ် ၂ ခုလုံးကို လစဉ် စစ်အသုံးစရိတ် ကောက်ခံနေသည့် အပြင် အပြိုင် တပ်သားသစ် စုဆောင်းမှုများပါ ရှိနေသောကြောင့် ဒေသခံ လူငယ်အများစုကလည်း ပြည်ပ နိုင်ငံနှင့် လွတ်မြောက်‌နယ်မြေများထဲ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဆိုကြသည်။