ထောင်ပြောင်း နိုင်ကျဉ်းအမျိုးသမီးများ အကြမ်းဖက် ဆက်ဆံခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်။ 

မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်က ပြောင်းရွှေ့လာသည့် နိုင်ငံရေး အကျဉ်းသူများကို စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာန ဝန်ထမ်းများက အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

ပဲခူးတိုင်း၊ ဒိုက်ဦးထောင်ကို ကျိုက်မရောထောင်က ပြောင်းရွှေ့လာသည့် နိုင်ကျဉ်းသူ အယောက် ၄၀ အပါအဝင် ယခင်ကတည်းက ထောင်ထဲမှာ ရှိနေသည့် နိုင်ကျဉ်းသူများကို အကျဉ်းဦးစီးဌာန ဝန်ထမ်းများက အကြမ်းဖက် ရိုက်နှက်မှုကြောင့် အယောက် ၈၀ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ညှိနှိုင်းတာ တောင်းဆိုတာတွေ လုပ်တဲ့အချိန်မှာ သူတို့ဘက်က စပြီး တော့ ဖြိုခွဲတာပေါ့နော်။ နိုင်ကျဉ်းတွေကနေ ထောင်ဝန်ထမ်း အမျိုးသမီးတွေကို တဆင့် အကြောင်းကြား ပြီး‌ တော့ပေါ့နော်။ အကျဉ်းထောင်မှာရှိတဲ့ ဝန်ထမ်းတွေက ပေါ့နော်။ အုပ်စုလိုက် ဝိုင်းပြီးတော့ ရိုက်နှက်မှုတွေ ဝင် လုပ်တာပေါ့နော်။ ပြီးတဲ့အခါကျရင် လာတဲ့ အချိန်မှာလည်း နံပါတ်တုတ်တွေ ဘာတွေနဲ့ သံတိုင်တွေကို ပစ် ပေါက်၊ သံတိုင်ထဲမှာရှိတဲ့ အကျဉ်းသူတွေကို အဝေးကနေပြီးတော့ လေးခွတွေနဲ့ ပစ်တာမျိုးတွေ အတွင်းထဲထိ ဝင်ရိုက်တာမျိုးတွေ လုပ်ဆောင်ကြတာပေါ့နော်ဟု ပြောသည်။

ကျိုက်မရော အကျဉ်းထောင်တွင် ဇွန်လ ၁၂ ရက်နေ့က ထောင်တွင်း အလုပ်ကြမ်း ခိုင်းစေသည့် အချိန်တွင်း အကျဉ်းသား တစ်ဦး ဓါတ်လိုက်ဒဏ်ရာ ရခဲ့ရာ လုံလောက်သော ဆေးကုသခွင့် မရရှိခြင်းကြောင့် နိုင်ကျဉ်း သူများက ဝိုင်းဝန်း တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တောင်းဆိုသော နိုင်ကျဉ်းသူ အယောက် ၄၀ ကို ဇွန်လ ၁၅ ရက်နေ့တွင် ထောင်ဆူအောင် လုပ်သည်ဟု အကြောင်းပြပြီး ဒိုက်ဦး‌ထောင်ကို ပြောင်းရွှေ့ခဲ့ကြသည်။ ထောင်ကိုရောက်ရှိတဲ့ အချိန်တွင်မူ မူးယစ်ဆေးကိစ္စ အကြောင်းပြချက်နှင့် ပါလာသော ပစ္စည်းများကို စစ်ဆေးခဲ့ကြသည်။

စစ်ဆေးပြီးသွားသည့် အချိန်ထိ အကျည်းသူများ၏ ရိက္ခာနှင့် ဆေးပစ္စည်းများကို ပြန်ပေးခြင်း မရှိသောကြောင့် ဝိုင်းဝန်းတောင်းဆိုခဲ့ကြရာ ထောင်ဝန်ထမ်းများဘက်က ဆူပူမှု အကြောင်းပြပြီး ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ကျဉ်းဟောင်းတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးတော့ ၂ နှစ်ကျော် ၃ နှစ်ကာလအတွင်း အမျိုးသမီးတွေကို ခြိမ်းခြောက်မှုတွေက အရင်ထက် ပိုဆိုးလာတာပေါ့နော်။ အရင်တုန်းက လူမသိသူမသိနဲ့ အထဲမှာ ခံစားခဲ့ရတာပေါ့နော်။ နိုင်ကျဉ်းသူတွေက စစ် ကြောရေးဒဏ်တွေ ညဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတာပေါ့နော်။ အခုတော့ ပေါ်ပေါ်တင်တင်ကို လုပ်ဆောင်လာ ကြတာပေါ့နော်။ အရင်တုန်းကတော့ သူတို့လုပ်ဆောင်ချက်တွေကို ပြည်သူနဲ့ နိုင်ငံတကာ သိမှာစိုးတဲ့အတွက် ကြောင့် အတန်တန် ဖုံးဖိထားတာပေါ့နော်။” 

လတ်တလောတွင် နိုင်ကျဉ်းသူ အယောက် ၈၀ ရိုက်နှက် ခံထားရပြီး ဒဏ်ရာများကြောင့် ဒိုက်ဦးဆေးရုံ၌ ဆေး ကုသမှု ခံယူနေရပြီး ၎င်းတို့ထဲက ၅ ဦးမှာ ဦးခေါင်းတွင် ပြင်းထန် ဒဏ်ရာများ ရထားသည်ဟု ဆိုကြသည်။

ထို့အပြင် ဆေးကုသခွင့် မပေးဘဲ တိုက်ပိတ်ခံထားရသော နိုင်ကျဉ်းသူ တစ်ဦးလည်း ရှိနေပြီး သေဆုံးသူ စာရင်း ရှိမရှိကိုမူ သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။