အကြမ်းဖက် ဖြိုခွင်းခံရသည့် နိုင်ကျဉ်းသူ အယောက် ၃၀ ကို ဆေးကုသခွင့် မပေးဘဲ ဆက်လက်တိုက်ပိတ်ထား

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးအကျဉ်းထောင်တွင် အကြမ်းဖက် ဖြိုခွင်းခံရသည့် နိုင်ကျဉ်းသူ အယောက် ၃၀ ကို အကျဉ်းဦးစီးဌာနမှ ဆေးကုသခွင့် မပေးဘဲ ဆက်လက် တိုက်ပိတ်ထားသည်ဟု ထောင်နှင့် နီးစပ်သူများက ပြော သည်။

အဆိုပါ နိုင်ကျဉ်းသူများမှာ မွန်ပြည်နယ်၊ ကျိုက်မရောထောင်မှ ပြောင်းရွှေ့လာသူများ ဖြစ်ပြီး ထောင်ပြောင်းလာ သည့် ဇွန် ၁၅ ရက်နေ့တွင် ၎င်းတို့ ပါလာသည့် ပစ္စည်းများအား အကျဉ်းဦးစီးဌာနက မူးယစ်ဆေးအကြောင်းပြ ရှာဖွေမည်ဟု ဆို၍ အကြမ်းဖက် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက အဲဒီမှာ က ကျန်တဲ့သူတွေက ဘယ်လိုဒဏ်ရာပဲ ရတာလဲဆိုတော့ အမျိုးသားဝန်ထမ်းတွေက လေးခွနဲ့ ဝိုင်းပစ်တာ လောက်ပဲ ဆိုတော့ လေးခွမှန်တဲ့ ဒဏ်ရာပေါ့နော်။ နာကျင်ခံစားမှုပေါ့ အဲဒါပဲ ရကြတယ်။ အဓိက သူတို့ ဦးတည် ပြီးတော့မှ ဖြိုခွဲရိုက်နှက်တာကြတော့ ထောင်ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေပေါ့နော်။ အဓိ ကအားဖြင့် သူတို့ကို တင်ပြတဲ့လူတွေ၊ သူတို့နဲ့ ထိပ်တိုက်တွေ့ရတဲ့ နိုင်ကျဉ်းသူတွေကို အဓိက ဦးတည်ပြီးတော့မှ အကြမ်းဖက်ဖြိုခွင်း ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ အဲဒီ ၃၀ ကျော်က ထိခိုက်ဒဏ်ရာကို ရခဲ့ပြီး တော့မှ တိုက်ပါပိတ်ခံခဲ့ ရတာပေါ့နော် ဟု ပြောသည်။

နိုင်ကျဉ်းသူများအား နံပါတ်တုတ်၊ ရာဘာတုတ်၊ ကြာပွတ်၊ အုတ်နီခဲ တို့ဖြင့် ရိုက်နှက်ခဲ့သည့်အပြင် လေးခွ၊ သေ နတ်များဖြင့် မသေဆုံးနိုင်သည့် ခန္ဓာကိုယ် နေရာများသို့ ပစ်ခတ်ခဲ့သည်ဖြစ်ရာ တိုက်ပိတ်ခံထားရသည့် နိုင်ကျဉ်း သူများအနက် သွေးထွက်လွန်၍ အသက်အန္တရာယ်စိုးရိမ်နေရသူများလည်း ရှိနေသည်ဟု ဆိုသည်။

ဒိုက်ဦးထောင်တွင် အမျိုးသမီးဆောင်အနေဖြင့် တစ်တည်းတည်းသာ ရှိပြီး တိုက်ပိတ်ခံရသူများကို ၈ ‌ယောက် တစ်ခန်း၊ ၁၀ ‌ယောက်တစ်ခန်းနှုန်းဖြင့် ပြွတ်သိပ်ထည့်ထားသည့် အပြင် ရေနှင့် အစားအသောက်များအား ပုံမှန် ပို့ပေးခြင်းလည်း မရှိဘူးဟု အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

အကျဉ်းဦးစီးဌာနက ယခုကဲ့သို့ တိုက်ပိတ်ထားသော်လည်း တစ်ဖက်တစ်လမ်းမှ ထောင်ဝင်စာအား ပို့ခွင့် ပြုထား သောကြောင့် ကူညီချင်သည့် ပြည်သူများအနေဖြင့် ဆက်သွယ်နိုင်သည်ဟု ကိုသိုက်ထွန်းဦးက ဆက် ပြောသည်။

အဓိကတော့ ပြည်သူလူထုကိုလည်း လုံလုံခုုံခြုံနဲ့ ပါစေချင်တယ်။ ကျနော်တို့တွေနဲ့ အလုပ်လုပ်တဲ့အါမှာ လုံခြုံ ရေးကို နံပါတ် ၁ ဦးစားပေးပါတယ်။ ဒီထုတ်ပြန်ချက်မှာဆိုရင် အဖွဲ့အစည်း ၈ ဖွဲ့ ထုတ်ပြန်ထားပါတယ်။ အဲဒီ အဖွဲ့မှာဆိုရင် ကျနော်တို့ကွန်ယက်ရဲ့ အဖွဲ့တွေလည်း ရှိတာဖြစ်တဲ့အတွက် အဲဒီရဲ့ မန်ဆင်ဂျာ ချက်ဘောက်မှာ လာရောက် အကြောင်းကြားပြီးမှ ငွေကြေးထောက်ပံ့တာ၊ ဆေးဝါးကူညီတာပဲဖြစ်ဖြစ် ကူညီနိုင်တဲ့ လမ်း ကြောင်းပေါ့နော်။ အဲဒီလမ်းကြောင်းကနေ ကျနော်တို့ကို လုံခြုံစွာနဲ့ ဆက်သွယ်လို့ ရပါတယ်။ အဲဒီကနေတဆင့် ပိုလုံခြုံ တဲ့ လမ်းကြောင်းကို ကျနော်တို့ ဆက်သွယ်ပြီးမှ မိဘပြည်သူတွေရဲ့ ထောက်ပံ့တဲ့ ငွေကိုလက်ခံတာမျိုး၊ သူတို့ ပို့ဆောင်တဲ့ အသုံးဆောင်ပစ္စည်းတွေ ထောင်ကိုတဆင့် ပြန်ပို့ပေးတာမျိုးတွေလည်း လုပ်ဆောင်ပေးပါ တယ်။” 

ဇွန်လ ၁၂ ရက်နေ့တွင် ကျိုက်မရောထောင်၌ အလုပ်ကြမ်း ခိုင်းစေချိန်အတွင်း အကျဉ်းသား တစ်ဦးမှာ အမျိုး သမီး အဆောင်ဘက်သို့ ဓါတ်လိုက်ပြုတ်ကျခဲ့ရာ လုံလောက်သည့် ဆေးကုသခွင့် မရသောကြောင့် နိုင်ကျဉ်းသူ များက ဝိုင်းဝန်းတောင်းဆိုခဲ့သည်။

အဆိုပါ နိုင်ကျဉ်းသူများအား ထောင်ဆူပူအောင် လုပ်သည်ဟု အကြောင်းပြ၍ ဇွန်လ ၁၅ ရက်နေ့တွင် ဒိုက်ဦး ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယခင်ကတည်းက ထောင်တွင်းရှိနေသည့် နိုင်ကျဉ်းသူများနှင့်ပေါင်း၍ အကျဉ်း ဦးစီးဌာနက  ဖိနှိပ်မှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရ သည်။