လားရှိုးတွင် လက်နက်ကြီးကြောင့် လူ ၇ ဦးသေ၊ ကလေး ၂ ဦးပါ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကလေး ၂ ဦး အပါ အဝင် ၇ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လားရှိုးမြို့ ရပ်ကွက်(၁) ဗျူဟာလမ်းရှိ နေအိမ်တစ်လုံးပေါ်ကို ဇူလိုင်လ ၃ ရက် (ယမန်နေ့)က လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့သကဲ့သို့ နမ့်ပေါင်ကျေးရွာထဲကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ များ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့သည်။
လားရှိုးမြို့တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက “သူတို့ထမင်းစားနေတဲ့အချိန်မှာ အိမ်ပေါ်တည့်တည့်ကျတော့ ပွဲချင်းသေတာ ၅ ယောက်။ အရေးပေါ်ရောက် တော့ နောက်တစ်ယောက် ပြန်သေတယ်။ ကလေးနှစ်ယောက်ပါတယ်။ တစ်ယောက်က နို့တောင် မဖြတ်ရသေး ဘူး” ဟု ပြောသည်။
ယမန်နေ့ နံနက် ၈ နာရီက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
လက်နက်ကြီးကြောင့် သေဆုံးသွားသူများမှာ မိသားစုဝင်များဖြစ်ပြီး ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦး နှင့် အမျိုး သား ၂ ဦး စုစုပေါင်း ၆ ဦး ဖြစ်သည်။
ထို့အပြင် ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် လားရှိုးမြို့၊ နမ့်ပေါင်ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံ ၁ ဦး သေဆုံးကာ ကလေး အပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီး ပစ်လာတဲ့အချိန်က အစောကြီးရှိသေးတယ်။ ကျနော်လည်း အသံဘဲ ကြားရတယ်။ သူတို့ပြော တာတော့ နေအိမ်တစ်အိမ်ပေါ်ကျတာတဲ့။ အဲအိမ်က မိသားစု ၃ ယောက်နေတယ်။ မိန်းမဖြစ်သူက သေပြီ။ သူ့ ယောင်္ကျားနဲ့ ကလေးက မသေဘူး”
ဒဏ်ရာရထားသည့် သားအဖ နှစ်ဦးမှာ နမ့်ပေါင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေသည်ဟု အဆိုပါ ဒေသခံက ဆိုသည်။
လက်ရှိ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီတပ်က မြို့အဝင်အထွက်လမ်းများကို ပိတ်ထားပြီး မြို့ပတ်ပတ်လည်ရှိ အီနိုင်း၊ ရှန်ခိုက်၊ ကုန်းညောင်၊ မန်အိုင်၊ မိုင်းတင်စသည့် ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် တော် (MNDAA) တို့ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။
လာရှိုးမြို့ အနီးဝန်းကျင်တွင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား နေပြီး ဒေသခံများ ထိခိုက် သေဆုံးမှု ရှိခဲ့သည့် လက်နက်ကြီး ပစ်ခတ်မှုတို့ကို မည်သည့် အဖွဲ့အစည်းက လုပ် ဆောင်ခဲ့သည်ကို သတင်းနှင့် မီဒီယာ ကွန်ရက် အနေဖြင့် သီးခြား အတည်ပြု၍ မရသေးပေ။