သာယာဝတီမှ ရေဘေးဒုက္ခသည်များ အကူအညီများ လိုအပ်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။ 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်က ရေဘေးသင့်ပြည်သူများ အတွက် အခြေခံစားသောက်ကုန်နှင့် ဆေး ဝါး အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းရာမှ ရေကြီးပြီး နေအိမ်များ နစ်မြုပ်သွားသောကြောင့် နေထိုင်စားသောက်ရေးကအစ အဖက်ဖက်မှ အခက်ခဲများနှင့် ကြုံနေရသည်ဟု ဒေသခံများက ဆိုသည်။ 

ရေကြီးမှုကြောင့် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး သာယာဝတီမြို့နယ်၊ အိုင်ဂဒုံကျေးရွာ အုပ်စု၊ ဘန့်မွှေးကုန်းကျေးရွာက ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

၎င်းက ဒုက္ခများတာပေါ့။ တစ်နေ့လုပ်မှ တစ်နေ့စား ရတာ အလုပ်ကလည်း မရှိ။ ကျန်းမာရေးတွေကလည်း မကောင်း စားဝတ်နေရေးမှာလည်း အခက်အခဲ ရှိသလို ကျန်းမာရေးမှာလည်း အခက်အခဲတွေရှိတယ်။ ရေတွေ ကြီး ရေဘေးဒုက္ခတွေ ရောက်နေတဲ့ အခါမှာ တိမ်းရှောင်စရာ နေရာမှ မရှိတာ။ ကိုယ်စီ ကိုယ်စီပဲ ဒုက္ခတွေ ရောက်နေကြတာ။ လမ်းတွေမှာလည်း ရေတွေကျော်လို့။ ဘယ်ကိုမှ မသွားတတ်တော့ဘူး ဟု ပြောသည်။

နေအိမ် နစ်မြုပ်သွားသော မိသားစုများသည် ကျေးရွာထဲရှိ နေအိမ်အမြင့် ရှိသူများထံတွင် သွားရောက် နေထိုင် ကြရသည်ဟု ဘန့်မွှေးကုန်းကျေးရွာက ဒေသခံများက ပြောသည်။

နေထိုင်စားသောက်ရေးကိစ္စ အပြင် တစ်နေရာမှ တစ်နေရာသို့ ဖြတ်သန်း သွားလာရာမှာလည်း အခက်အခဲများ နှင့် ကြုံတွေ့ရသည်ဟု အဆိုပါ ရွာခံက ဆက်ပြောသည်။

နေရာတိုင်းမှာ ရေကြီးနေတော့ မြို့ပေါ်တက်ဖို့ ၇ မိုင် လောက်ဝေးပါတယ်။ ကားနဲ့ သွားမှရတယ်။ ဆိုင်ကယ်နဲ့ မရဘူး။ မြို့တွေဘာတွေလည်း သွားလို့ အဆင်အပြေဘူး။ လမ်းတွေမှာလည်း ရေတွေကျော် တံတားတွေ အကုန်လုံး ရေလျှံနေတော့ ဘယ်လိုမှ အဆင်မပြေဘူး။” 

ထို့အပြင် ရေးလွှမ်းမိုးမှုကြောင့် ကလေးများ ပညာမသင်ကြားနိုင်ဘဲ စာသင်ကျောင်း များအားလုံးကို ရက်အ တော်ကြာ ပိတ်ထားရသည်ဟု ဆိုသည်။ 

အိုင်ဂဒုံကျေးရွာ အုပ်စုမှ ဒေသခံများသည် နေလုပ်နေ့စား ပြည်သူများဖြစ်သည့်အတွက် ယခုကဲ့သို့ မိုးအဆက် မပြတ် ရွာသွန်းပြီး ရေကြီးနေမှုများကြောင့် အလုပ်လက်မဲ့ ဖြစ်သွားရသည်ဟု ဆိုသည်။

ထို့အပြင် ကုန်ဈေးနှုန်းများလည်း မြင့်တက်နေသောကြောင့် အခြေခံ စားနပ်ရိက္ခာနှင့် ဆေးဝါး ပစ္စည်း အကူ အညီများလည်း လိုအပ်နေသည် ဟု ရွာခံများက ပြောသည်။

ဓါတ်ပုံ – Tharyarwaddy 8 city