နိုင်ကျဉ်းများ ၂ လအတွင်း ထောင်လေးကြိမ်ပြောင်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်။
စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနက နှစ်လအတွင်း နိုင်ငံရေး အကျဉ်းသား တစ်ထောင်နီးပါးအား ထောင်ပြောင်း ရွှေ့မှု လေးကြိမ် ပြုလုပ်ခဲ့ပြီး ပြောင်းရွှေ့ခံရသော နိုင်ငံရေး အကျဉ်းသားများသည် အခက်အခဲများနှင့် ကြုံနေရ သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကွန်ယက် PPNM က ပြောသည်။
ထောင်တွင်း လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားများကို အဓိကထား ရွေးချယ် ပြောင်းရွှေ့နေခြင်း ဖြစ်သည်ဟု PPNM က တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
၎င်းက “အကျဉ်းထောင်တွေထဲမှာ စုစုစည်းစည်း နဲ့ ရှိနေတဲ့ သူတွေ ပြီးတော့ကြတော့ ကျနော်တို့ ထောင် အာ ဏာပိုင်ရဲ့ ဖိနှိပ်မှုတွေကို အမြဲတစေ ဆန့်ကျင့်ကန့်ကွက်တဲ့သူတွေ ထောင်တွင်း လှုပ်ရှားမှုတွေမှာ ဦးဆောင် နိုင် တဲ့သူတွေနဲ့ ထောင်တွင်း လှုပ်ရှားမှုတွေမှာ ပါဝင် ပတ်သက်နေတဲ့ သူတွေကိုပေါ့နော်။ ဒီလိုလူတွေကို အဓိက ရွေးချယ်ပြီးတော့မှ စနစ်တကျကိုမှ ဒါသူတို့ စိစစ်ပြီးမှ ရွေးချယ်ပြီးမှပေါ့ မိသားစုနဲ့ အဝေးဆုံးနေရာတွေ ပြည် သူလူထုနဲ့ဝေးပြီးမှ ဒါအကျဉ်းသားတွေကို ဖိနှိပ်တယ် ဆိုတဲ့အခါမှာ စံပြဖြစ်နေတဲ့ ထောင်တွေကို ပြောင်း ရွှေ့ တယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနမှ နိုင်ငံရေး အကျဉ်းသားများအား ကျိုက်မရော အကျဉ်းထောင်မှ ဒိုက်ဦး နှင့် သာယာဝတီ အကျဉ်းထောင်သို့ တစ်ကြိမ်၊ မန္တလေးအိုးဘိုထောင်မှ မကွေးနှင့် မြင်းခြံ အကျဉ်းထောင်သို့ တစ်ကြိမ်၊ အင်းစိန်ထောင်မှ ဒိုက်ဦးနှင့် သာယာဝတီ အကျဉ်းထောင်များသို့ တစ်ကြိမ်စီ စုစုပေါင်း လေးကြိမ် အပြောင်းအရွှေ့ လုပ်ခဲ့သည်ဟု ကိုသိုက်ထွန်းဦး က ပြောသည်။
အဆိုပါ ပြောင်းရွှေ့မှုများကို ဇွန်လ ၁၅ ရက်နေ့၊ ဇွန်လ ၂၃ ရက်နေ့ နှင့် ဇူလိုင်လ ၂၁ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ထောင်အသစ်များသို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသားများသည် မိသားစုများနှင့် ဆက် သွယ်ရန် ခက်ခဲခြင်း၊ လတ်တလောတွင် ထောင်ဝင်စာ ဧည့်တွေ့ရန် ခက်ခဲခြင်း၊ ထောင်ပြောင်းရွှေ့ချိန်တွင် ခတ် ပေးလိုက်သည့် ခြေကျင်းများကို ချက်ချင်း မဖြုတ်ပေးခြင်း စသည့် အခြေအနေများအပြင် အခြားသော အခက် အခဲများလည်း ကြုံတွေ့နေကြရသည်ဟု PPNM က ဆိုသည်။
ကိုသိုက်ထွန်းဦးက “နောက်တခုက သူတို့ အခုပြောင်းလိုက်တဲ့ ထောင်တွေက မူလကတည်းက နဂိုမူလကတည်း က လူဦးရေတွေက သူ့ဟာနဲ့သူ ပြည့်ကျပ်နေတဲ့ ထောင်တွေဖြစ်တယ်။ အဲ့တော့ နေရေးထိုင်ရေးက အစပေါ့ နော်။ စားရေး သောက်ရေး အကုန်ပေါ့နော် ဖိနှိပ်မှုတွေ အဆုံး အားလုံးတော့ သူတို့ ကြုံတွေ့နေရတယ်လို့ ပြော လို့ ရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ထောင်ပြောင်းရွှေ့မှုများ အဆက်မပြတ် လုပ်ဆောင်နေခြင်းသည် စစ်ကောင်စီ အကျဉ်းဦးစီဌာနက နိုင်ငံရေး အကျဉ်းသားများကို ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင် စနစ်တကျ စီစဉ်လုပ်ဆောင်နေ ခြင်း ဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာနက နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသား အယောက် ၅၀၀ နီးပါးကို ဇူလိုင် ၂၁ ရက်နေ့က ၎င်းတို့ သတ်မှတ်ထားသည့် အကျဉ်းထောင်များဆီသို့ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်ဟု PPNM က ပြောသည်။
ထို့အပြင် မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်တွင် ဇွန်လ ၂၀ ရက်နေ့က အကျဉ်းဦးစီးဝန်ထမ်းများ၏ ရိုက်နှက်နှိပ် စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရသေးသည်ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။
ဓါတ်ပုံ – wikipedia (အင်းစိန်အကျဉ်းထောင်)