ပုလော ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ် စွန့်ခွာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့်စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့က စွန့်ခွာသွားခဲ့သည်ဟု KNDO တပ်ရင်း – ၇၊ တပ်ခွဲ – ၅ ၏ တပ်ခွဲမှူးက ပြောသည်။
နှစ် နှစ်နီးပါးအကြာ အထိုင်ချထားတပ်စွဲထားသည့် စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့် နှင့် ပြည်သူ့ စစ် အဖွဲ့ဝင် ၁၅ ဦးခန့်တို့ ဇူလိုင်လ နောက်ဆုံးပတ်ထဲတွင် စွန့်ခွာသွားခဲ့ခြင်း ဖြစ်သည်။
တပ်ခွဲ – ၅ ၏ တပ်ခွဲမှူးက “ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းကုန်းကို မိုင်းနဲ့ တိုက်ခိုက် တာရယ်၊ ဝိုင်း ပြီး ပိတ်ဆို့ ဖြတ်တောက်ထားတာတွေကြောင့် ထွက်ပေါက် မရှိသလို ဖြစ်နေပြီး စခန်းကို စွန့်ခွာ သွားတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်မှ စွန့်ခွာသွားသည့် ပုလောကုန်း စခန်းအတွင်းမှ တူမီး(ယမ်းထောင်း) သေနတ်နှစ်လက်၊ လက်
လုပ် လေသေနတ် တစ်လက်၊ ပြည်သူ့စစ်အဖွဲ့၏ အသုံးအဆောင် ပစ္စည်းများ၊ ရိက္ခာအချို့နှင့် အသုံးအပြုပြီး သား လက်နက်ခဲယမ်း အချို့တို့ကို သိမ်းပိုက်ရရှိခဲ့ကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ပြီးခဲ့သည့်အပတ် (ဇူလိုင်လ နောက်ဆုံးပတ်) က စွန့်ခွာသွား သည့် စခန်းမှာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး ၎င်းတို့ တပ်စွဲနေထိုင်ခဲ့သည့် စခန်းကုန်းနေရာ ဖြစ်သည်။
ယခု စွန့်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့၏ ပုလောကုန်းစခန်းကို KNDO တပ်ရင်း – ၇၊ တပ်ခွဲ – ၅ မှ နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့ပြီးနောက် လက်ရှိတွင် ပြန်လည်ထိန်းချုပ်ထားသည်ဟု ဆိုသည်။
လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသော်လည်း ရေကြီးရေလျှံမှုများ ဖြစ်နေ သောကြောင့် နေရာအားလုံးကို အပြည့်အဝ မလုပ်နိုင်သေးကြောင်း တပ်ခွဲ ၅ တာဝန်ရှိသူက ပြောသည်။
ပုလောကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ အနီးတဝိုက်နှင့် စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီး အဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိသည့် ကျေးရွာထဲက နေရာအချို့တွင် မိုင်းအလုံးရေ ၁၀၀ ခန့် ရှိနိုင်ကြောင်း နယ် မြေရှင်းလင်းရေး လုပ်ဆောင်ရင်း ကြုံတွေ့ရသည်ကို KNDO တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှ တနင်္သာရီ မြစ်ကမ်းနံဘေးရှိ ကျောက်လုံးကြီး ဗျူဟာစခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က စခန်းမှ စွန့်ခွာခဲ့သေး သည်။
ကျောက်လုံးကြီး ဗျူဟာစခန်းကို စွန့်ခွာသွားပြီး ဆယ်ရက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လည် စစ် ကြောင်းထိုးလာပြီး တပ်ပြန်စွဲထားသည်ဟု ဆိုကြသည်။
ထို့အပြင် ဇွန်လ ၂၅ ရက်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ်၊ မောတောင်နယ်မြေရှိ ပွိုင့် ၃,၀၀၀ နယ်စပ် စခန်း ကုန်းမှ စစ်ကောင်စီ၏ အမှတ် ၁၀၁ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းမှ စွန့်ခွာ ထွက်ပြေး သွားခဲ့ကြသေးသည်။
ပွိုင့် ၃,၀၀၀ နယ်စပ်စခန်းကို ကော်သူးလေတပ်မတော် (KTLA) ထီးဆဲမဲ့ကျေးရွာ တပ်ရင်းက ထိန်းချုပ်ထားသည် ဟု တပ်ရင်း၏ ပြန်ကြားရေး အရာရှိက ပြောသည်။