တောင်ကြီးတွင် စက်သုံးဆီ အကန့်အသတ်ဖြင့်သာ ဝယ်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးတွင် စက်သုံးဆီ ပြတ်လပ်မှုများရှိနေပြီး ဆီဆိုင်များကလည်း အကန့်အ သတ်ဖြင့်သာ ရောင်းချပေးနေသည်ဟု ဒေသခံများက ပြောသည်။
စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် တန်းစီဝယ်ယူနေရသည်ဟု တောင်ကြီး မြို့က ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံတစ်ဦးက “ဓာတ်ဆီ အရောင်းဆိုင် မှာ 92 နဲ့ 95 အမျိုးအစား ပြတ်လပ်မှုကြောင့် စောင့်ဆိုင်းရဝယ်ယူရ တဲ့ အခြေအနေ ဖြစ်ပေါ်လာတယ်ပေါ့နော်” ဟု ပြောသည်။
တန်းစီဝယ်ယူရာတွင်လည်း ဆီဆိုင်တိုင်းက ဆိုင်ကယ်တစ်စီးကို ကျပ် ၅,၀၀၀ ဖိုး အထိသာ ရောင်းချပေးသည် ဟု ဆိုသည်။ ကားအတွက် စက်သုံးဆီကို အချို့ဆိုင်များတွင် ကျပ် ၃၀,၀၀၀ ဖိုး အထိသာ ရောင်းချပေးပြီး အချို့ဆိုင် များတွင်မူ ကျပ် ၅၀,၀၀၀ ဖိုးအထိ ရောင်းချပေးသည်ဟု တောင်ကြီးမြို့ ဒေသခံက ဆိုသည်။
တန်းစီပြီး ဝယ်ယူရရှိလာသည့် စက်သုံးဆီကို တဆင့် ပြန်လည်ရောင်းချသူများလည်း ရှိသည်ဟု စစ်ဘေးရှောင် တစ်ဦးက ပြောသည်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ တောင်ကြီးသို့ စစ်ဘေးရှောင်လာသူ တစ်ဦးက “လမ်းဘေးမှာ ထိုင်ရောင်း တဲ့ လူလည်းရှိတယ်လေ။ တစ်လီတာ ၅,၀၀၀ နဲ့ သူတို့သွားတန်းစီ ရတာကို သူတို့ ပြန်ရောင်းတာပေါ့။ ဓာတ်ဆီ ဆိုင်မှာ ကိုယ်သွား ဝယ်လို့ရှိရင် တစ်လီတာကို ၂,၇၀၀၊ 92 က ၂,၈၀၀၊ 95 က ၂,၉၀၀ လောက် ရှိတယ်” ဟု ပြော သည်။
တောင်ကြီးမြို့ ရှိ BOC ဆိုင် များတွင်သာ စက်သုံးဆီကို စောင့်ဆိုင်း ဝယ်ယူကြရပြီး ဓာတ်ဆီ ရရှိရန်အတွက် သွားရောက် တန်းစီရာတွင် ကြုံတွေ့ရသည့် အခက်အခဲကို တောင်ကြီးတွင် စစ်ဘေးရှောင်နေသူ တစ်ဦးက ယခုကဲ့သို့ ဆက် ပြောသည်။
“တန်းသွားစီနေရတဲ့ အချိန်မှာ လူတွေ တစ်အား ပိတ်ဆို့တယ်။ ဘယ်လိုလဲဆို မနက်မိုးလင်း ကတည်းက ထ ၆ နာရီကတည်းက တန်းစီမယ်ဆို ကိုယ်အရှေ့မှာ မရောက်မှာ ကြောက်လို့လေ။ နောက်မှာ ကျန်နေဆို တော် တော်လေးနဲ့ မရနိုင်ဘူးပေါ့နော်။ တချို့ အနောက်မှာ ကျန်နေတဲ့ လူဆို သူတို့ရတောင် မရခဲ့ဘူး။ တချို့ဆို လာ တန်းစီပြီး မရတဲ့ဟာတွေလည်း အများကြီး ရှိတယ်။”
စက်သုံးဆီများ ဝယ်ယူရရှိရန် ခက်ခဲလာသည့်အတွက် ဝမ်းရေးအတွက် လုပ်ကိုင် စားသောက်နေသူများမှာ သွား ရေးလာရေး အခက်အခဲများ ရှိလာသည်ဟု အဆိုပါ စစ်ဘေးရှောင်က ဆိုသည်။
မြန်မာနိုင်ငံအနှံ့တွင် စစ်ဘေးအန္တရာယ် အပြင် မိုးသည်းထန်းစွာ ရွာသွန်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သဖြင့် ကားလမ်းများ ပျက်စီးသောကြောင့် ဓာတ်ဆီကားများ အချိန်မှီ ရောက်မလာသည့်အတွက် ဆီပြတ်လပ်မှုနှင့် ကြုံနေရခြင်းဖြစ်သည်ဟု တောင်ကြီးမြို့က ဒေသခံများနှင့် စစ်ဘေးရှောင်များက ပြောသည်။