ကရင်နီ စစ်ရှောင်များ စိတ်ဖိစီးမှု ခံစားနေရ 

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်။ 

ကရင်နီပြည်၊ ဖရူဆိုမြို့ အနောက်ဘက် ရှိ စစ်ရှောင်စခန်းတစ်ခုရှိ စစ်ရှောင်ပြည်သူများ စိတ်ဖိစီးမှုများ ခံစားနေရပြီး အိမ်တွင်းအကြမ်းဖက်မှုများကိုပါ ရင်ဆိုင်နေကြရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ဖရူဆိုမြို့အနောက်ဘက် ဟူဘောမြို့နယ် ဟားမူစစ်ရှောင်စခန်းက စစ်ဘေးရှောင်ပြည်သူများမှာ စားဝတ်နေရေး အခက်အခဲတို့ကြောင့် စိတ်ဖိစီးမှုဒဏ် ခံစားနေကြရပြီး အိမ်တွင်း အကြမ်းဖက်မှုကလည်း နေ့စဉ် ဖြစ်ပွားနေသည်ဟု ဟုဘောမြို့နယ်ထဲက ကေကောအုပ်စုနှင့် ရော်ဒေါ်ခေါအုပ်စုရှိ စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။

စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦးက မိသားစု စားဝတ်နေရေး အဆင် မပြေတော့ လင်မယား စကားများတာ တွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်ပြီးတော့မှ စိတ်ညစ်တယ်။ ဝမ်း နည်းတယ်။ ဒီမိသားစုက အဆင်ပြေ တယ်။ ဘာပြဿနာမှ မရှိဘူးလို့ ကိုယ်က မြင်နေရင်တောင်မှ သူတို့က ရှေ့ ရေးအတွက် နှောင်ရေးအတွက် စဉ်း စားရင်းနဲ့ စိတ်ဓာတ်တွေကျတယ်။ ဘာဆက်လုပ်ရမှာလဲ။ ဘာစားရမှာလဲ။ သားသမီးပညာရေးက ဘယ်လိုသွား ရမှာလဲ။ ဒီဟာတွေ စဉ်းစားစဉ်းစား ရင်းနဲ့ စိတ်ညစ်လာတယ်။ စိတ်ဓာတ် ကျတဲ့ ရောဂါရတယ်ပေါ့ ဟု ပြော သည်။

ဟူဘောမြို့နယ် ကေကောအုပ်စု၊ ဟားမူစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၅ စုရှိပြီး အဆိုပါ စစ်ရှောင်စခန်းက ပြည်သူများမှာ စိတ်ဖိစီးမူခံစားနေရသည့် အခြေအနေနှင့် ပတ်သက်၍ ဟားမူ စစ်ဘေးရှောင်စခန်းက မိခင်တစ်ဦးက ယခုကဲ့သို့ ပြောသည်။

စစ်ရှောင်မိခင်တစ်ဦး က တိုက်ပွဲကြားကနေ ပြေးလာတဲ့ခါကြတော့ စားဝတ်နေရေး အဆင်မပြေတာ တစ်ဖက် နော်။ နေရေးထိုင်ရေးကလည်း ကိုယ့်နေရာကိုယ့်ဒေသ မဟုတ်တော့ မလွတ်လပ်ဘူးပေါ့လေ။ တစ်ခုခုလုပ်ရင် လည်း ဟိုဟာ မလုပ်နဲ့ ဒီဟာမလုပ်နဲ့  အဲ့လိုမျိုး တားမြစ် လာတဲ့ ခါကြ‌တော့ စိတ်ဆင်းရဲတယ် ဟု ပြောသည်။

စိတ်ဖိစီးမှု လျှော့ကျစေရေးအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုများ လာရောက် လုပ်ဆောင်ပေးရန် စစ်ဘေးရှောင် ပြည်သူများက တောင်းဆိုနေကြသည်။

စစ်ရှောင်များအား ကူညီပေးနေသည့် စေတနာ့ဝန်ထမ်း အမျိုးသမီးက ကျမတို့ အခုဆိုရင် လူငယ်လူကြီးမရွေး စိတ်ပိုင်းဆိုင်ရာတော့ တော်တော် လေး ပြင်းထန်နေကြတယ်။ စစ်ရှောင်တွေကလည်း လာပြီးတော့မှ စိတ်ပိုင်း ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ လာပြီးတော့ အကြံပြုကြတယ်ပေါ့နော်။ Psycho social support ပေါ့နော်။ ဒီဟာ လေးတွေလည်း နှစ်သိမ့်ဆွေးနွေးပေးဖို့ လိုအပ်တယ်ပေါ့နော်။ အဲ့ဒါမျိုး လူရှိရင်လည်းကောင်းတယ် ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဟားမူ စစ်ဘေးရှောင်စခန်းမှာ စစ်ရှောင်ကာလ ၄ နှစ်ကြာ ရှိပြီဖြစ်သည့် အတွက် အခြေခံ စားနပ်ရိက္ခာများ၊ အရေးပေါ် ယားနာပျောက်ဆေး၊ အခြားဆေးဝါးများနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးမှုများ လုပ်ပေးရန် လိုအပ်နေသည်ဟု စစ်ဘေးရှောင်မျာက ပြောသည်။