လွိုင်ကော်ထောင်မှ နိုင်ကျဉ်း လွတ်မြောက်ခြင်း မရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်။ 

ကရင်နီပြည်၊ လွိုင်ကော် အကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးမှ မပါကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။

လွိုင်ကော် အကျဉ်းထောင်တွင် လွတ်ရက်စေ့သူများစွာ ရှိနေသော်လည်း ထပ်တိုးအမှုများဖြင့် ချုပ်နှောင်ထားဆဲ ဖြစ်ပြီး ထောင်ဝင်စာရရှိရန်လည်း ခက်ခဲနေဆဲ ဖြစ်သည်ဟု ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) က ဆိုသည်။

ကရင်နီ နိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) မှ ပြောရေးဆိုခွင့်ရှိသူ ကိုထားဖိုးက မြေပြင် အခြေ အနေနဲ့ သက်ဆိုင်လား ဆိုရင်တော့ သက်ဆိုင်တယ်လို့ ယူဆလို့ ရတယ်။ ဒီစစ်ကောင်စီ အနေနဲ့ ကရင်နီပြည်မှာ စစ်ပွဲအကြီးကျယ်နဲ့ ရင်ဆိုင်နေရတယ်။ ပြီးရင် သူတို့ဖက်ကလည်း နယ်မြေများစွာ လက်လွှတ်ဆုံးရှုံးရတဲ့ နောက်ပိုင်း နိုင်ငံရေး အကျဉ်းသား လွတ်ပေးမှုက နည်းသွားတယ်ပေါ့နော်။ ပြီးရင် နိုင်ငံရေးအကျဉ်းသားတွေ လည်း ပုဒ်မတချို့နဲ့ ထပ်ကပ်ပြီးတော့ တရားထပ်စွဲတယ်။ မတ်လလောက်မှာပဲ လွတ်ရက်စေ့တဲ့ အကျဉ်းသား ၅၀၀ ကို လွိုင်ကော်မြို့မရဲစခန်းမှာ ချုပ်ထားတယ်။ ပြီးရင် သူတို့မလွှတ်ပေးဘဲနဲ့ တရားထပ်စွဲပြီး ထောင်ထဲ ပြန်ထည့်တယ်။ ဒီလို အခြေအနေနဲ့ ကြုံတွေ့နေရတယ်ဟု ပြောသည်။

စစ်ကောင်၏ မြန်မာနှစ်ဆန်း တစ်ရက်နေ့ (ဧပြီ ၁၇) လွတ်ငြိမ်းချမ်းသာခွင့်၌ အကျဉ်းသား ၇ ဦးနှင့် အကျဉ်းသူ ၂ ဦး လွတ်မြောက်လာပြီး ၎င်းတို့မှာ ခိုးမှု၊ လုယက်မှု၊ အများပြည်သူပိုင် ပစ္စည်းများအား ဖျက်ဆီးမှု၊ လူသတ်မှု စသည့် ရာဇဝတ်ကျူးလွန်သူများသာ ဖြစ်သည်ဟု ဆက်ပြောသည်။ 

လွိုင်ကော်ထောင်မှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ညီအစ်ကိုတွေ ကျနော်ပြောချင်တာပေါ့နော်။ ကျနော်တို့ တွေက တရားမျှတမှုအတွက် ပြည်သူတွေနဲ့အတူ စစ်ကောင်စီကို တွန်းလှန်နေတဲ့ ပြည်သူတွေ ဖြစ်တယ်ပေါ့ နော်။ ကျနော်တို့က မကောင်းတဲ့အရာတွေကို လုပ်ဆောင်ခဲ့တာ မဟုတ်ဘူး။ အဲ့အတွက် ကျနော်တို့ ဂုဏ်ယူရ မယ်။ ကျနော်တို့ အကျဉ်းကျတယ်ဆိုတာ ကျနော်လည်း နားလည်တယ်။ တော်တော်ကြီး ကျနော်တို့ ခံစားရ တယ်။ သို့ပေမယ့် ကျနော်တို့ ညီအကိုတွေ တောင့်ခံထားဖို့ ပြောချင်တယ်။ ကျနော်တို့ ညီအကိုတွေ ဒါကို ကျော် လွှားမယ့်အချိန်ကို ပြည်သူတွေက ကြိုဆိုဖို့အတွက် အမြဲတမ်း စောင့်ဆိုင်းနေပါတယ် ဟု ကိုထားဖိုးက ဆက် ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက နိုင်ငံရေးနှင့် သက်ဆိုင်သည့် ပုဒ်မ ၁၂၂၊ ၁၂၄-က၊ ၅၀၅-က၊ ၁၉/၂၀ စသည့် အမှုများအား လွတ်ငြိမ်းချမ်းသာခွင့် မပြုတော့ဘူးဟု ထုတ်ပြန်ခဲ့ဖူးသည်။

ထို့အတူ လွိုင်ကော် အကျဉ်းထောင်တွင်လည်း နိုင်ကျဉ်းများအား နှစ်ပို့တစ်ပို့၊ သုံးပို့တစ်ပို့ စသည့် လျှော့ရက်များ သတ်မှတ်ပေးခြင်း မရှိတော့သည့်အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း လွတ်ရက်စေ့သည့် နိုင်ကျဉ်း ၅ ဦးကို လည်း ထပ်တိုးပုဒ်မများဖြင့် ချုပ်နှောင်ထားဆဲ ဖြစ်သည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်၌ နိုင်ငံအဝန်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားပေါင်း ၅ ထောင်နီး ပါး ပါဝင်ခဲ့ပြီး ၎င်းတို့အနက် နိုင်ကျဉ်း ၃၇၈ ဦးသာ ပါဝင်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။