ရဲစခန်းမှူး ငွေယူပြီး လောင်းကစားဝိုင်းခွင့်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်။ 

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကံမော်ကျေးရွာတွင် ရဲစခန်းမှူးဆိုသူမှ လိုင်းကြေးကောက်ခံပြီး လူမြင်ကွင်းတွင် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် လုပ်နေသည်ဟု ရွာသားများက ပြောသည်။

ကံမော်ကျေးရွာရှိ ဆေးရုံကြီးနှင့် သူနာပြုအဆောင်ကြားမှ သစ်ပင်ကြီးအောက်တွင် ကံမော်ကျေးရွာ ရဲစခန်းမှူး က လောင်းကစားခွင့်ပေးထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက ဆေးရုံကြီးရဲ့ အနောက်ဘက်က သစ်ပင်ကြီးအောက်မှာ နေ့တိုင်းလို လို ဖဲဝိုင်းရှိတယ်။ ဖဲဝိုင်းက ကြေးကြီးတယ်၊ တစ်ခါထိုးရင် လေးငါးသောင်းအနည်းဆုံးပဲ၊ တချို့မိန်းမတွေပါ ဝင် ကစားနေတာ တစ်နေကုန်လုံးလိုလိုပဲ ဟု ပြောသည်။

ကစားဝိုင်းတွင် လာရောက်၍ ဖဲရိုက်သူများဆီမှ တစ်ဦးလျှင် အနည်းဆုံး ၂သောင်းကျပ် ကောက်ခံသည်ဟု ရွာသားများက ဆိုသည်။

တရားမဝင် လောင်းကစားဝိုင်းကို နေ့စဉ် နံနက် ၉ နာရီမှ စတင်၍ ညဘက်အထိ တစ်နေ့ကုန် ဖွင့်လှစ်ပေးထားပြီး အနည်းဆုံး သိန်းဆယ်ချီမှ သိန်းရာချီသည်အထိ လာရောက် ကစားကြလေ့ရှိနေသည်ဟု ဆိုသည်။

ကံမော်ကျေးရွာအတွင်း ဖဲဝိုင်းနှင့် လောင်းကစား ပြုလုပ်ခြင်းများကို ယခင်က ဖမ်းဆီးခြင်းမျိုးများ ရှိခဲ့သော် လည်း ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်မှ စတင်ပြီး စခန်းမှူးဆိုသူမှ လိုင်းကြေးကောက်ခံကာ ဖဲဝိုင်းကို ပြုလုပ်လာ သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တာဝန်ရှိသူ ကိုယ်တိုင် တရားမဝင် ဖဲကစားဝိုင်း လုပ်နေခြင်းကြောင့် ကျေးရွာအတွင်းရှိ လူငယ်များ နှင့် အမျိုးသမီးများပါ မကျန် သွားရောက် ကစားနေကြရာ အချို့ဆိုလျှင် စီးပွားပင် ပျက်နေကြသည့် သူများပင် ရှိနေသည် ဟု ဆိုသည်။

ရပ်ရွာအတွင်း အကျင့်စာရိတ္တပိုင်းများ ချို့ယွင်းလာနိုင်နေသဖြင့် စည်းကမ်းပျက် တရားမဝင်သည့် လောင်းကစား

ဝိုင်းကို အမြန်ဆုံးဖျက်သိမ်းပေးရန် လိုလားနေကြသည်ဟု ရွာသားများကပြောသည်။

ကံမော်ဆေးရုံကြီး၏ အရှေ့ဘက်တွင် စစ်ကောင်စီ တပ်စခန်းရှိနေပြီး တပ်စခန်းထဲမှ တာဝန်ရှိသူအချို့ကလည်း လောင်းကစားဝိုင်း ဖြစ်မြောက်ရေးတွင် ပါဝင်ပတ်သက်နေသည်ဟု ရွာသားများက ပြောသည်။