ယူကရိန်းနှင့် အမေရိကန် ဒရုန်းနည်းပညာ သဘောတူညီချက်ရယူမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်။
ရုရှားနှင့် စစ်ပွဲအတွင်း ဒရုန်းနည်းပညာတွင် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ထားသည့် ယူကရိန်းနိုင်ငံသည် ၎င်းတို့၏ ဒရုန်းများကို အမေရိကန်မြေပေါ်တွင် စမ်းသပ်ရန် ပင်တဂွန်စစ်ဌာနချုပ်နှင့် Statement of Intent (SoI) ဟုခေါ်သည့် ရည်ရွယ်ချက်ဖော်ပြချက် မူကြမ်းကို လက်မှတ်ရေးထိုးရန် နီးစပ်နေပြီဖြစ်သည်။
သမ္မတ ဇလန်းစကီး၏ အဆိုအရ လက်ရှိတွင် နိုင်ငံပေါင်း ၂၀ ခန့်သည် ယူကရိန်း၏ ဒရုန်းနည်းပညာကို စိတ်ဝင်စားနေပြီး နိုင်ငံ ၄ နိုင်ငံနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးဖြစ်သည်။
ဤသဘောတူညီချက်အရ ယူကရိန်း၏ ကြည်း၊ ရေ၊ လေ ဒရုန်းစနစ်များက အမေရိကန်စစ်တပ်၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ စမ်းသပ်သွားမည် ဖြစ်သည်။
တစ်ဖက်တွင်လည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယခု အခါ နိုင်ငံပေါင်း ၂၀ နီးပါးသည် ယူကရိန်းနှင့် ဒရုန်းဆိုင်ရာ သဘောတူညီချက်များ လုပ်ဆောင်ရန် စိတ်ဝင်စားနေကြပြီး နိုင်ငံ ၄ နိုင်ငံနှင့်တော့ သဘောတူညီချက်များ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင့် မေလ ၁၁ ရက်နေ့က တရားဝင် ပြောကြားခဲ့သည်။
ဧပြီလအတွင်းတွင် ဂျာမနီ၊ နော်ဝေ၊ နယ်သာလန်တို့နဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များ ရယူခဲ့သည်။
အရှေ့အလယ်ပိုင်းက ဆော်ဒီအာရေးဘီးယား၊ ကာတာနဲ့ ယူအေအီးနိုင်ငံများနှင့်လည်း ရေရှည်လုံခြုံရေး မိတ်ဖက်အဖြစ် ဆောင်ရွက်နေပြီဟု ဆိုထားသည်။
ယခု အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုသည် နောင်တစ်ချိန်တွင် ယူကရိန်းဒရုန်းများကို အမေရိကန်က ဝယ်ယူခြင်း သို့မဟုတ် ပူးပေါင်းထုတ်လုပ်ခြင်းတို့အတွက် အလားအလာကောင်းသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်သည်။