Elon Musk ကမ္ဘာ့ ပထမဆုံး ထရီလီယံနာ ဖြစ်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇွန်လ ၁၃ ရက်။ 

SpaceX ကုမ္ပဏီ အများပိုင်စတော့ရှယ်ယာအဖြစ် စတင်ရောင်းချမှု (IPO) နှင့်အတူ အီလွန်မတ်စ် (Elon Musk) တစ်ဦးတည်း၏ ကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ (ဘီလီယံ ၁,၀၀၀) ကျော်အထိ ရှိလာပြီး ကမ္ဘာ့ပထမဆုံးသော ထရီလီယံနာ (Trillionaire)” ဖြစ်လာခဲ့သည်။ 

ကမ္ဘာ့စီးပွားရေးလောကနှင့် အင်တာနက်လူမှုကွန်ရက် ယဉ်ကျေးမှုတို့တွင် ဩဇာညောင်းလှသည့် ထိပ်တန်းနည်းပညာလုပ်ငန်းရှင် အီလွန်မတ်စ် (Elon Musk) သည် သူ၏ ထူးခြားပြောင်မြောက်သော စီးပွားရေးအောင်မြင်မှုများနှင့်အတူ ကမ္ဘာ့ပထမဆုံးသော ထရီလီယံနာ (ဒေါ်လာ ဘီလီယံ ၁,၀၀၀ ကျော် ဒါမှမဟုတ် သန်းပေါင်း ၁ သန်း ကြွယ်ဝသူ) အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။

၁ ထရီလီယံမှာ ၁ နောက်တွင် သုည ၁၂ လုံးပါသော အရေအတွက် ၁,၀၀၀,၀၀၀,၀၀၀,၀၀၀ ဒေါ်လာ ဖြစ်သည်။ 

မတ်စ်၏ စီးပွားရေးအင်ပါယာ၏ ပင်မကျောရိုးဖြစ်သော ဒုံးပျံ၊ ဂြိုဟ်တုနှင့် AI နည်းပညာသုံး SpaceX ကုမ္ပဏီသည် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် အများပိုင်စတော့ရှယ်ယာအဖြစ် စတင်ရောင်းချမှု (IPO) တွင် စံချိန်တင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံအထိ ရှာဖွေနိုင်ခဲ့ခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ စိတ်အားထက်သန်မှုကို သက်သေပြနေသည်။ 

အဆိုပါ စတော့ရှယ်ယာ မရောင်းချမီအချိန်အထိ Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ မတ်စ်၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၇၈၀ ဘီလီယံခန့်ရှိပြီး ၎င်း၏နောက်တွင် ဒုတိယအချမ်းသာဆုံးအဖြစ် 

ရပ်တည်နေသည့် Alphabet ကုမ္ပဏီ ပူးတွဲတည်ထောင်သူ လာရီပေ့ချ် (Larry Page) ထက် များစွာအသာစီးရနေခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ဘီလီယံ ၃၀၀ ဝန်းကျင်မှာပဲ ရှိနေတာမို့ မတ်စ်ရဲ့ ပိုင်ဆိုင်မှု သုံးပုံတစ်ပုံအောက်ပဲ ရှိပါတယ်” ဟု Forbes Wealth ၏ ဒုတိယအယ်ဒီတာ မတ်ဒူရော့ (Matt Durot) က ပြောကြားခဲ့သည်။  

“သမိုင်းတစ်လျှောက်မှာ ဒေါ်လာ ဘီလီယံ ၄၀၀ ကျော် ကြွယ်ဝဖူးတာဆိုလို့ Oracle တည်ထောင်သူ လာရီအယ်လီဆန် (Larry Ellison) တစ်ယောက်ပဲ ရှိဖူးပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် မတ်စ်၏ ချမ်းသာကြွယ်ဝမှု အများစုမှာ SpaceX ကုမ္ပဏီမှ ရရှိခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ရှယ်ယာတန်ဖိုးမှာ ဒေါ်လာ ၈၆၆ ဘီလီယံခန့် ရှိသည်။ 

တက်စလာ (Tesla) ကုမ္ပဏီနှင့် အခြားသော ပိုင်ဆိုင်မှုများကိုပါ ပေါင်းစပ်တွက်ချက်လိုက်ပါက သောကြာနေ့တွင် စတော့ရှယ်ယာများ စတင်ရောင်းဝယ်ချိန်၌ ၎င်း၏ အသားတင်ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁.၁ ထရီလီယံ (Trillion) ကျော်အထိ ရှိလာမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ မှတ်တမ်းများအပေါ် အခြေခံ၍ ရိုက်တာသတင်းဌာနက တွက်ချက်ထားသည်။ 

မတ်စ်သည် Tesla နှင့် SpaceX ကုမ္ပဏီတို့မှတစ်ဆင့် လူသိများလာခဲ့ပြီးနောက်၊ ၂၀၂၂ ခုနှစ်တွင် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် တွစ်တာ (Twitter) ကုမ္ပဏီကို ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူကာ ၎င်း၏ ဩဇာအာဏာကို ပိုမိုချဲ့ထွင်ခဲ့သည်။ 

ထိုသို့ ဝယ်ယူလိုက်ခြင်းကြောင့် ၎င်းအနေဖြင့် အသုံးပြုသူ သန်းပေါင်းများစွာထံသို့ တိုက်ရိုက်ဆက်သွယ်နိုင်မည့် လမ်းကြောင်းကို ရရှိခဲ့ပြီး နိုင်ငံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အစိုးရအသုံးစရိတ်နှင့် လွတ်လပ်စွာပြောဆိုခွင့် စသည့် ကိစ္စရပ်များတွင် အဓိကအသံထွက်လာသူတစ်ဦး ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ “အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE)” တွင် ပါဝင်ခဲ့မှုရာမှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတကာစျေးကွက်အချို့တွင် Tesla မော်တော်ယာဉ် ရောင်းအားကျဆင်းမှုနှင့်အတူ လူထု၏ဆန္ဒပြမှုများနှင့် သပိတ်မှောက်မှုများနှင့်ပါ ကြုံတွေ့ခဲ့ရသည်။

လက်ရှိ အသက် ၅၄ နှစ်ရှိပြီဖြစ်သော မတ်စ်ကို တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့တွင် ကနေဒါနိုင်ငံသူ မိခင်နှင့် တောင်အာဖရိကနိုင်ငံသား ဖခင်တို့မှ မွေးဖွားခဲ့သည်။ 

၎င်းသည် ပင်ဆယ်ဗေးနီးယား တက္ကသိုလ် (University of Pennsylvania) တွင် ပညာသင်ကြားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။

၎င်းသည် ၂၀၂၈ ခုနှစ်တွင် Tesla ကုမ္ပဏီ၏ စီအီးအို (CEO) အဖြစ် တာဝန်ယူခဲ့ပြီး၊ လျှပ်စစ်ကားများသည် စွမ်းဆောင်ရည်မြင့်မားမှုနှင့် ဆော့ဖ်ဝဲလ်စနစ်များကို ပေါင်းစပ်နိုင်ကာ ကမ္ဘာ့မော်တော်ယာဉ်လုပ်ငန်းကို တစ်ဆန်းဆန်း ပြောင်းလဲပစ်နိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်။ မော်တော်ယာဉ်လေ့လာစောင့်ကြည့်သူများကမူ Tesla ၏ အောင်မြင်မှုနှင့် ဒေါ်လာထရီလီယံချီတန်သော စျေးကွက်ပမာဏ (Market Cap) ကြောင့် သမရိုးကျ မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်းကြီးများပါ လျှပ်စစ်ကားထုတ်လုပ်မှုဘက်သို့ ကူးပြောင်းလာကြရခြင်းဖြစ်ကြောင်း ဆိုကြသည်။

ရင်းနှီးမြှုပ်နှံသူအများစုက မတ်စ်အနေဖြင့် အာကာသနှင့် ဉာဏ်ရည်တု (AI) ကဏ္ဍများတွင်လည်း ယခုကဲ့သို့ အောင်မြင်မှုမျိုး ထပ်မံရရှိလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ 

သို့သော်လည်း SpaceX သည် ငွေကြေးအမြောက်အမြား လိုအပ်နေဆဲဖြစ်ပြီး ကုမ္ပဏီ၏ တန်ဖိုးသတ်မှတ်ချက် အများစုမှာ စီးပွားဖြစ်အောင်မြင်ရန် နှစ်ပေါင်းများစွာ သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမည့် နည်းပညာများပေါ်တွင်သာ အခြေခံထားဆဲ ဖြစ်သည်။

Tesla နှင့် SpaceX အပြင် မတ်စ်သည် မြေအောက်လှိုဏ်ခေါင်းတူးသည့် The Boring Company နှင့် ဦးနှောက်အတွင်း အစားထိုးမိုက်ခရိုချစ်ပ် ထည့်သွင်းသည့် Neuralink ကုမ္ပဏီ အပါအဝင် အခြားသော ကုမ္ပဏီ ၅ ခုကိုလည်း ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။

Tesla ၏ စီအီးအိုအဖြစ် မတ်စ်သည် ချီးကျူးမှုနှင့် ဝေဖန်မှုများကို တစ်ပြိုင်နက်တည်း ရရှိခဲ့သည်။ Tesla ကို ကမ္ဘာ့တန်ဖိုးအရှိဆုံး မော်တော်ယာဉ်ကုမ္ပဏီဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း၊ အစောပိုင်းနှစ်များက အစဉ်အလာမော်တော်ယာဉ်လုပ်ငန်းကြီးများမှ တာဝန်ရှိသူများကမူ နည်းပညာအသစ်အဆန်း ကုမ္ပဏီတစ်ခုအနေဖြင့် လျှပ်စစ်ကားများကို အမြတ်အစွန်းရအောင် အစုလိုက်အပြုံလိုက် မည်သို့ထုတ်လုပ်နိုင်မည်နည်းဟု သံသယဝင်ကာ လျစ်လျူရှုခဲ့ကြဖူးသည်။

တစ်ချိန်တည်းမှာပင် Tesla သည် ၎င်း၏ စီအီးအိုနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ ရင်ဆိုင်ရမှုများနှင့် ရှယ်ယာရှင်များ၏ စိုးရိမ်ပူပန်မှုများကိုလည်း ကြုံတွေ့ခဲ့ရပြီး၊ အထူးသဖြင့် တစ်ချိန်က အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံအထိ တန်ဖိုးရှိခဲ့သော ၂၀၁၈ ခုနှစ်က မတ်စ်၏ လုပ်ခလစာခံစားခွင့် ပက်ကေ့ချ် (Pay Package) ကိစ္စသည် အဓိက ဖြစ်ခဲ့သည်။

စီးပွားရေးလုပ်ငန်းရှင် တစ်ဦးတည်းအပေါ်တွင်သာ ဩဇာအာဏာအားလုံး စုပြုံနေခြင်းကြောင့် ကုမ္ပဏီများ၏ စီမံအုပ်ချုပ်မှုပုံစံ၊ အကျိုးစီးပွား ပဋိပက္ခများနှင့် ကုမ္ပဏီတစ်ခုလုံး၏ ကံကြမ္မာကို လူတစ်ဦးတည်းအပေါ်တွင်သာ ပုံအောထားရသည့် အန္တရာယ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လျက်လည်း ရှိသည်။ 

လွန်ခဲ့သော နှစ်များအတွင်း မတ်စ်သည် စျေးကွက်ထိန်းသိမ်းရေး အာဏာပိုင်များ၊ ဘီလီယံနာများ၊ စတော့ရှယ်ယာ စျေးကျရန် လောင်းကြေးထပ်သူများ၊ သတင်းထောက်များနှင့် ရိုက်တာအပါအဝင် သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အကြိမ်ကြိမ် လူသိရှင်ကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

မတ်စ်နှင့် ဒေါ်နယ်ထရန့်တို့၏ မဟာမိတ်ပြုမှုသည်လည်း ထိုသဘောအတိုင်းပင် ဖြစ်သည်။ ထရန့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာစေရန် ငွေကြေးပံ့ပိုးကူညီပေးခဲ့ပြီးနောက် အစိုးရ၏ DOGE အစီအစဉ်တွင် အဆင့်မြင့်အကြံပေးအဖြစ် တာဝန်ယူခဲ့ရာမှ၊ မတ်စ်သည် သမ္မတ၏ အနီးကပ်ဆုံး စီးပွားရေးမဟာမိတ်တစ်ဦး ဖြစ်လာခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် မူဝါဒများနှင့် အစိုးရအသုံးစရိတ် ကိစ္စရပ်များအပေါ် သဘောထားကွဲလွဲမှုများ ရှိခဲ့ရာမှတစ်ဆင့် ၎င်းတို့နှစ်ဦးအကြား လူသိရှင်ကြား ပဋိပက္ခများအထိ ဖြစ်ပွားခဲ့သည်။ 

သို့သော်လည်း ရင်းနှီးမြှုပ်နှံသူအများစုအတွက်မူ မတ်စ်၏ သမရိုးကျမဟုတ်သော အပြုအမူများအပေါ် စိုးရိမ်ပူပန်မှုများထက်၊ ၎င်း၏ စိတ်ကူးယဉ်ဆန်လှသော အကြံဉာဏ်များကို ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီများဖြစ်လာအောင် လက်တွေ့အကောင်အထည်ဖော်ပြနိုင်ခဲ့သည့် သမိုင်းကြောင်းက ပိုမိုအလေးသာလျက်ရှိသည်။

ယခင်က မတ်စ်နှင့် ကာလရှည်ကြာ ဥပဒေကြောင်းအရ အပြင်းအထန် ရင်ဆိုင်ခဲ့ဖူးသူ ဘဏ်လုပ်ငန်းရှင်ကြီး ဒီမွန်သည်ပင် ယခုအခါ မတ်စ်ကို ချီးကျူးအသိအမှတ်ပြုသူတစ်ဦး ဖြစ်လာခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်က CNBC နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ၎င်းတို့နှစ်ဦးအကြား နားလည်မှုရယူကာ ပြေလည်သွားခဲ့ပြီဖြစ်ကြောင်းနှင့် မတ်စ်ကို ကျွန်တော်တို့ခေတ်ရဲ့ အိုင်းစတိုင်း (Einstein)” ဟု တင်စားချီးကျူးခဲ့ဖူးသည်။