Taylor Swift နဲ့ Travis Kelce တို့ မင်္ဂလာဆောင်ပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်။
ကမ္ဘာကျော် ပေါ့ပ်ကြယ်ပွင့် Taylor Swift နဲ့ အမေရိကန် Football စတား Travis Kelce တို့ဟာ လာမယ့် သီတင်းပတ်ကုန်ရက်မှာ နယူးယောက်မြို့ရဲ့ အကြီးဆုံးမိုးလုံလေလုံ အခမ်းအနား ခန်းမကြီးဖြစ်တဲ့ Madison Square Garden မှာ သူတို့ရဲ့ မင်္ဂလာပွဲကို ကျင်းပတော့မှာ ဖြစ်တယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လတုန်းက အင်စတာဂရမ် (Instagram) ကနေတစ်ဆင့် စေ့စပ်ကြောင်းလမ်းကြောင်း တရားဝင် ကြေညာခဲ့ကြပါတယ်။
ချစ်သက်တမ်းကတော့ ၃ နှစ် နီးပါး ရှိပြီ ဖြစ်ပါတယ်။
ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာတော့ လူဦးရေ ၁၀၀ ဝန်းကျင်နဲ့ ရင်းရင်းနှီးနှီး မင်္ဂလာပွဲကို စတင်ကျင်းပမှာဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ ဧည့်သည်တော် ၁,၀၀၀ ကျော်နဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဧည့်ခံပွဲကို ဆက်လက်ကျင်းပသွားဖို့ ပြင်ဆင်နေကြပါတယ်။
သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးဟာ ၂၀၂၃ ဇူလိုင်မှာ စတယ်လို့ ပြောရမှာပါ။
Travis တစ်ယောက် Taylor ရဲ့ Eras Tour ဖျော်ဖြေပွဲကို သွားကြည့်ရင်း ဖုန်းနံပါတ်ပေးဖို့ ကြိုးစားခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ စက်တင်ဘာလမှာတော့ Taylor Swift က travis ရဲ့ ဘောလုံးပွဲစဉ်ကို သွားရောက်အားပေးခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့ရဲ့ အချစ်ရေးကို လူသိရှင်ကြား အသိပေးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လမှာတော့ လန်ဒန်မြို့က ကပွဲ တစ်ခုမှာ ဘောလုံးသမား Travis က ကချေသည် တစ်ဦးအဖြစ် ဝင်ရောက်ကပြခဲ့ပြီး Taylor ကို ပွေ့ချီကာ ပရိဿတ်တွေကို Surprised လုပ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လမှာတော့ အမေရိကန် နိုင်ငံ မစ်ဇူရီ ပြည်နယ်က ပန်းခြံလေး တစ်ခုမှာ Travis က Taylor ကို လက်ထပ်ခွင့် တောင်းခံခဲ့ပါတယ်။
အခုဆိုရင် မင်္ဂလာပွဲကျင်းပမယ့် ခန်းမကြီးဆီကို မီးဆိုင်းတွေ၊ အလှဆင်ပစ္စည်းတွေနဲ့ စင်မြင့်အပြင်အဆင်တွေ သယ်ဆောင်နေတဲ့ ကုန်ကားကြီးတွေကို တွေ့ရှိနေရပြီဖြစ်တယ်လို့ BBC. သတင်းမှာ ဖော်ပြပါတယ်။