ကမ္ဘာ့အမွေအနှစ်ဝင် သဘာဝထိန်းသိမ်းရေးနယ်မြေ၌ ခြင်္သေ့ ၁၀ ကောင် အဆိပ်ခတ်ခံရပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။

တန်ဇန်းနီးယားနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်ဝင် သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခု၌ ခြင်္သေ့ ၁၀ ကောင် အဆိပ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု သံသယရှိကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း၊ ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံး လာရောက်လေ့ရှိသည့် အင်ဂိုရွန်ဂိုရို (Ngorongoro) သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း၌ သေဆုံးနေသော ခြင်္သေ့ ၁၀ ကောင်ကို ပြီးခဲ့သည့် သောကြာနေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သဘာဝထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့၏ ပဏာမ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ ခြင်္သေ့များသည် အဆိပ်မိ၍ သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်အမှန်နှင့် ကျူးလွန်သူများကို ဖော်ထုတ်နိုင်ရန် အပြည့်အဝ စုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

အာဖရိက အရှေ့ပိုင်းဒေသများ၌ ဒေသခံများနှင့် တောရိုင်းတိရစ္ဆာန်များအကြား ပဋိပက္ခများကြောင့် တောရိုင်းသတ္တဝါများ၏ အသက်အန္တရာယ်မှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

တန်ဇန်းနီးယားနိုင်ငံသည် ကမ္ဘာ့တောရိုင်း ခြင်္သေ့ကောင်ရေ အများဆုံး စုဝေးရာ ဒေသတစ်ခု ဖြစ်သည်။