အမေရိကန် ထောက်ပံ့မှု လျော့ကျပြီး ယူကရိန်း မြို့တော် တိုက်ခိုက်ခံနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးတို့အကြား ဆက်ဆံ ရေး တင်းမာလာပြီးနောက် ယူကရိန်း၏ စစ်ရေးလှုပ်ရှားမှုများတွင် နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့ နေကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။

အမေရိကန်ထုတ် စတားလင့်ခ် (Starlink) ဆက်သွယ်ရေးစနစ်များပေါ် ရုတ်တရက် ကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းကြောင့် ယူကရိန်းစစ်တပ်၏ ဒရုန်းဆင်နွှဲမှု အရှိန်အဟုန်နှင့် ထိရောက်မှုများ လျော့ကျ သွားခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

တစ်ချိန်တည်းမှာပင် မြို့တော်ကိဗ် (Kyiv) သည် ရုရှား၏ ကြည်းကြောင်း၊ လေကြောင်း စစ်ဆင်ရေး များကို ဆက်တိုက် ရင်ဆိုင်နေရသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရုရှား၏ ပဲ့ထိန်းဒုံးကျည် (၅) စင်းသည် ကိဗ်မြို့ရှိ အရပ်ဘက် အဆောက် အအုံများကို ထိမှန်ပေါက်ကွဲခဲ့သည်။

အဆိုပါ ဒုံးကျည်များ မကျရောက်မီတွင် အနောက်အုပ်စု မိတ်ဖက်နိုင်ငံများထံမှ ပုံမှန်ရရှိနေကျ ကြိုတင်သတိပေးချက်များ လုံးဝမရရှိခဲ့ကြောင်း သမ္မတ ဇယ်လန်းစကီက အတည်ပြုခဲ့သည်။

ထို့ကြောင့် အမေရိကန်ထံမှ ရရှိနေသည့် အရေးပါသော စစ်ရေးထောက်လှမ်းရေး သတင်းချက် အလက်များ ပြတ်တောက်သွားနိုင်ခြေအပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်ကမူ အမေရိကန်အနေဖြင့် ထောက်လှမ်းရေးသတင်း မျှဝေမှုကို ရပ်တန့် ထားခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

သို့သော်လည်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ယူကရိန်းတွင် သမ္မတအသစ်တစ်ဦး ရွေးချယ် တင်မြှောက်သင့်ပြီဟု မကြာသေးမီက ဝေဖန်ပြောဆိုထားသည်။