ယူကရိန်း သမ္မတက အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ကာကွယ်ရေး သဘောတူညီချက်များ လက်မှတ်ထိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်။
ယူကရိန်းသမ္မတ ဗီလိုဒီမာ ဇယ်လန်းစကီးသည် ဂျော်ဒန်ဘုရင် King Abdullah နှင့် တွေ့ဆုံကာ အီရန်လုပ်ဒရုန်းများ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်မည့် လေကြောင်းကာကွယ်ရေး နည်းပညာများ ဖလှယ်ရန် ဆွေးနွေးခဲ့ပါသည်။
ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲအတွင်း အီရန်ဒရုန်းများကို နှိမ်နင်းခဲ့သည့် (၄) နှစ်တာ အတွေ့အကြုံရှိသဖြင့် ယင်းကျွမ်းကျင်မှုကို အာရပ်နိုင်ငံများအား ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါသည်။
အပြန်အလှန်အားဖြင့် ယူကရိန်းအတွက် လိုအပ်နေသော စစ်ရေးအကူအညီနှင့် ဘတ်ဂျက်ထောက်ပံ့မှုများ ပြန်လည်ရရှိရန် မျှော်လင့်နေခြင်း ဖြစ်ပါသည်။
အထူးသဖြင့် အမေရိကန်ကိုယ်တိုင် အီရန်စစ်ပွဲတွင် ပါဝင်နေရသဖြင့် ယူကရိန်းအတွက် Patriot ကဲ့သို့သော ဒုံးကျည်အကူအညီများ ပေးအပ်ရန် အခက်အခဲရှိလာနေသည်။
ထိုအခြေအနေတွင် ယူကရိန်းသည် ဂျော်ဒန်၊ ယူအေအီး၊ ကာတာနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက် ရှိသည်။