ရန်ကုန်-ပြည်ရထားလမ်း ဗုံးခွဲ တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။
ရန်ကုန်-ပြည်ရထားလမ်းကို မှော်ဇာကျေးရွာအနီးတွင် တနင်္လာနေ့က ဗုံးခွဲ တိုက်ခိုက်ခံရသည်ဟု ဒေသခံများက ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအနီး မုဌောရွာနားတွင် ဇူလိုင် ၅ ရက် ညနေ ၆ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံပြည်သူများ က ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း တွင် စစ်ကား ၃ စီးရောက်လာပြီး သေနတ်များ ပစ်ဖောက် ခြောက်လှန့်မှုများ ပြုလုပ် ခဲ့သည်ဟု ဒေသခံများက ပြောသည်။
”သွားမကြည့်ရဲဘူး။ ကွန်ကရစ် ဇလီဖားတုံးဘဲ ကြေသွားတယ်ကြားတယ်” ဟု အနီးအနားက ဒေသခံတစ်ဦး က ပြောသည်။
စစ်သားများ နေရာယူထားသည့်အတွက် ကနဦးတွင် မည်သူမှ သွားမကြည့်ရဲဘူးဟု ဒေသခံများက ပြောသည်။
ရန်ကုန်-ပြည်ရထားလမ်းကို ၂၀၁၉-၂၀၂၀က ဂျပန်နိုင်ငံ အကူအညီဖြင့် ခေတ်မှီစနစ်များ ဖြင့် ပြင်ဆင်ခဲ့ပြီး ရန် ကုန်-ပြည်ခရီးကို ရထားချိန် ၄ နာရီ ဖြင့် အရောက်ခုတ်မောင်းနိုင်မည်ဟု NLD က ပြည်ထောင်စုဝန်ကြီး တစ်ဦး က ပြောဆိုဖူးသည်။
”ရထားလမ်းက ဂျပန်အကူအညီနဲ့အရမ်းကောင်းနေတာ စီးရတာငြိမ်နေတာ။ ဘယ်အဖွဲ့ဖြစ်ဖြစ် ကောင်းတာ တွေတော့ မဖျက်စီးစေချင်ဘူး” ဟု ရထားစီးနေကြခရီးသည်တဦးကမှတ်ချက်ပေးပြောဆိုသည်။
လက်ရှိတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ခြင်းဖြစ်ကြောင်း တာဝန်ယူ ထုတ်ဖေါ် ပြောဆို ထားခြင်း မရှိသေးပေ။
ဇွန်လ ၂၃ ရက် နေ့ ကလည်း ရန်ကုန်-ပြည် ရထား လမ်းဘေးမြို့ တစ်မြို့ ဖြစ်သည့် သဲကုန်းမြို့ ကိုဗစ်စစ်ဆေး ရေးဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ထွေအုပ်ဝန်ထမ်း တစ်ဦး ဒဏ်ရာရခဲ့သည်။
*** ZAWGYI ***
ရန္ကုန္-ျပည္ရထားလမ္း ဗုံးခြဲ တိုက္ခိုက္ခံရ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၇ ရက္။
ရန္ကုန္-ျပည္ရထားလမ္းကို ေမွာ္ဇာေက်း႐ြာအနီးတြင္ တနလၤာေန႔က ဗုံးခြဲ တိုက္ခိုက္ခံရသည္ဟု ေဒသခံမ်ားက ေျပာသည္။
ပဲခူးတိုင္းအေနာက္ျခမ္း၊ ျပည္ၿမိဳ႕နယ္၊ ေမွာ္ဇာေက်း႐ြာအနီး မုေဌာ႐ြာနားတြင္ ဇူလိုင္ ၅ ရက္ ညေန ၆ နာရီခန႔္က ဗုံးခြဲတိုက္ခိုက္ခံရေၾကာင္း ေဒသခံျပည္သူမ်ား က ေျပာသည္။
ဗုံးေပါက္ကြဲၿပီးေနာက္ပိုင္း တြင္ စစ္ကား ၃ စီးေရာက္လာၿပီး ေသနတ္မ်ား ပစ္ေဖာက္ ေျခာက္လွန႔္မႈမ်ား ျပဳလုပ္ ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။
”သြားမၾကည့္ရဲဘူး။ ကြန္ကရစ္ ဇလီဖားတုံးဘဲ ေၾကသြားတယ္ၾကားတယ္” ဟု အနီးအနားက ေဒသခံတစ္ဦး က ေျပာသည္။
စစ္သားမ်ား ေနရာယူထားသည့္အတြက္ ကနဦးတြင္ မည္သူမွ သြားမၾကည့္ရဲဘူးဟု ေဒသခံမ်ားက ေျပာသည္။
ရန္ကုန္-ျပည္ရထားလမ္းကို ၂၀၁၉-၂၀၂၀က ဂ်ပန္ႏိုင္ငံ အကူအညီျဖင့္ ေခတ္မွီစနစ္မ်ား ျဖင့္ ျပင္ဆင္ခဲ့ၿပီး ရန္ ကုန္-ျပည္ခရီးကို ရထားခ်ိန္ ၄ နာရီ ျဖင့္ အေရာက္ခုတ္ေမာင္းႏိုင္မည္ဟု NLD က ျပည္ေထာင္စုဝန္ႀကီး တစ္ဦး က ေျပာဆိုဖူးသည္။
”ရထားလမ္းက ဂ်ပန္အကူအညီနဲ႔အရမ္းေကာင္းေနတာ စီးရတာၿငိမ္ေနတာ။ ဘယ္အဖြဲ႕ျဖစ္ျဖစ္ ေကာင္းတာ ေတြေတာ့ မဖ်က္စီးေစခ်င္ဘူး” ဟု ရထားစီးေနၾကခရီးသည္တဦးကမွတ္ခ်က္ေပးေျပာဆိုသည္။
လက္ရွိတြင္ ဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ မည္သည့္အဖြဲ႕က လုပ္ျခင္းျဖစ္ေၾကာင္း တာဝန္ယူ ထုတ္ေဖၚ ေျပာဆို ထားျခင္း မရွိေသးေပ။
ဇြန္လ ၂၃ ရက္ ေန႔ ကလည္း ရန္ကုန္-ျပည္ ရထား လမ္းေဘးၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္သည့္ သဲကုန္းၿမိဳ႕ ကိုဗစ္စစ္ေဆး ေရးဂိတ္တြင္ ဗုံးေပါက္ကြဲခဲ့ၿပီး ေထြအုပ္ဝန္ထမ္း တစ္ဦး ဒဏ္ရာရခဲ့သည္။