စက်သုံးဆီဈေးနှုန်း စံချိန်တင်မြင့်တက်၊ အငှားယာဉ်မောင်းများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်။
ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာခြင်း အကျိုးဆက်အဖြစ် စက်သုံးဆီ ဈေးနှုန်းသည် နှစ်ပေါင်း ၂၀ ခန့် အတွင်း စံချိန်တင်မြင့်တက်နေသောကြောင့် အငှားယာဉ်မောင်းများ အခက်တွေ့နေသည်ဟု ပြောသည်။
တစ်ဒေါ်လာ လျှင် ကျပ် ၂၀၀၀ ခန့် ဖြစ်လာချိန်တွင် ပြည်ပမှ တင်သွင်းနေရသည့် စက်သုံးဆီးဈေးနှုန်းသည် လည်း လိုက်ပါမြင့်တက်ခြင်းဖြစ်ပြီး တစ်လီတာ ၁၂၀၀ ကျော် အထိဖြစ်လာသည်ဟု အငှားယာဉ်မောင်းများက ပြောသည်။
အောက်တိန်း ဓါတ်ဆီ ဈေးနှုန်းသည် တစ်လီတာ ၁၂၀၀ ကျပ် အထက် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သဖြင့် အငှားယာဉ်မောင်းများ အခက်တွေ့နေရသည်ဟု မြောက်ဒဂုံမြို့နယ်မှ အငှားယာဉ်မောင်း တစ်ဦးကပြောသည်။
“ဆီဈေးတွေကလဲတက်။ ခရီးသည်တွေကလည်းမရ။ ရတဲ့ခရီး သည်ကျတော့လဲဈေးကမပေးဘူး။ အရင်ဈေး ပဲပေးတာ။ ကိုယ့်လူရင်းအော်ဒါတွေလောက်ပဲနဲနဲပါးပါးပိုပေးတာ” ဟု ၎င်းက ပြောသည်။
ပြည်တွင်းစက်သုံးဆီဈေးမှာ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဓါတ်ဆီ ၉၅ – တစ်လီတာလျှင် ၁၂၃၅ ကျပ်၊ ဓါတ်ဆီ- ၉၂ တစ်လီတာလျှင် ၁၂၁၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၁၂၁၅ ကျပ် ဈေးပေါက်နေသည်။
စက်သုံးဆီ ဈေးတက်နေ၍ အငှားယာဉ်မောင်းအချို့မှာ အွန်လိုင်းရှော့ပင်မှ ပစ္စည်းများလိုက်လံ ပို့ဆောင်ရင်း ခရီး သည် ရလျှင်လိုက်ပို့ပြီး အချို့မှာ ပုံမှန်အော်ဒါ(ခရီးသည်) များကိုသာ အဓိကပို့ဆောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။
ဓါတ်ဆီကားများသည် တစ်ရက် ၆၀၀၀၊ ၇၀၀၀ခန့် ရရန် ကြိုးစားမောင်းနေရပြီး CNG ဂတ်စ် တပ်ဆင်ထား သူ များပင် ကျပ် ၁၀၀၀၀ ခန့်သာရကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နေထိုင်သည့် အငှားယာဉ်မောင်း တစ်ဦးက ပြောသည်။
“ခရီးသည်ကတော့ သိပ်မထွက်ကြတော့ဘူး။ ကားတွေကလဲများလာတယ်” ဟု ၎င်းကဆိုသည်။
စက်တင်ဘာလ ဒုတိယအပတ်တွင် ကျပ်ငွေတန်ဖိုးသည် အမေရိကန် တစ်ဒေါ်လာလျှင် ၂၀၀၀ ကျပ် ဖြစ်နေပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၉ သိန်းကျော် အထိမြင့်တက်ခဲ့သည်။
စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁,၃၃၀ သာရှိပြီး အခေါက်ရွှေဈေးမှာလည်း ကျပ် ၁၃ သိန်း သာ ရှိခဲ့၍ လက်ရှိငွေလဲနှုန်းနှင့် ရွှေဈေးနှုန်းများသည် သမိုင်းဝင် စံချိန် တင်ဈေးနှုန်းများ ဖြစ်သည်။
နိုင်ငံတကာစက်သုံးဆီဈေးနှုန်းမတက်ဘဲ မြန်မာနိုင်ငံတွင်သာ ဒေါ်လာဈေးတက်၍ စက်သုံးဆီဈေးတက်ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လာခြင်းနှင့်အတူ အခြေခံစားသောက်ကုန်များလည်း ဈေးမြင့်တက်လာနေခြင်းဖြစ်သည်။
*** ZAWGYI ***
စက္သုံးဆီေဈးႏႈန္း စံခ်ိန္တင္ျမင့္တက္၊ အငွားယာဥ္ေမာင္းမ်ား အခက္ႀကဳံ
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္။
ေဒၚလာေဈး စံခ်ိန္တင္ျမင့္တက္လာျခင္း အက်ိဳးဆက္အျဖစ္ စက္သုံးဆီ ေဈးႏႈန္းသည္ ႏွစ္ေပါင္း ၂၀ ခန႔္ အတြင္း စံခ်ိန္တင္ျမင့္တက္ေနေသာေၾကာင့္ အငွားယာဥ္ေမာင္းမ်ား အခက္ေတြ႕ေနသည္ဟု ေျပာသည္။
တစ္ေဒၚလာ လွ်င္ က်ပ္ ၂၀၀၀ ခန႔္ ျဖစ္လာခ်ိန္တြင္ ျပည္ပမွ တင္သြင္းေနရသည့္ စက္သုံးဆီးေဈးႏႈန္းသည္ လည္း လိုက္ပါျမင့္တက္ျခင္းျဖစ္ၿပီး တစ္လီတာ ၁၂၀၀ ေက်ာ္ အထိျဖစ္လာသည္ဟု အငွားယာဥ္ေမာင္းမ်ားက ေျပာသည္။
ေအာက္တိန္း ဓါတ္ဆီ ေဈးႏႈန္းသည္ တစ္လီတာ ၁၂၀၀ က်ပ္ အထက္ ပထမဆုံးအႀကိမ္ ေရာက္ရွိလာျခင္းျဖစ္သျဖင့္ အငွားယာဥ္ေမာင္းမ်ား အခက္ေတြ႕ေနရသည္ဟု ေျမာက္ဒဂုံၿမိဳ႕နယ္မွ အငွားယာဥ္ေမာင္း တစ္ဦးကေျပာသည္။
“ဆီေဈးေတြကလဲတက္။ ခရီးသည္ေတြကလည္းမရ။ ရတဲ့ခရီး သည္က်ေတာ့လဲေဈးကမေပးဘူး။ အရင္ေဈး ပဲေပးတာ။ ကိုယ့္လူရင္းေအာ္ဒါေတြေလာက္ပဲနဲနဲပါးပါးပိုေပးတာ” ဟု ၎က ေျပာသည္။
ျပည္တြင္းစက္သုံးဆီေဈးမွာ စက္တင္ဘာ ၂၀ ရက္ေန႔တြင္ ဓါတ္ဆီ ၉၅ – တစ္လီတာလွ်င္ ၁၂၃၅ က်ပ္၊ ဓါတ္ဆီ- ၉၂ တစ္လီတာလွ်င္ ၁၂၁၅ က်ပ္၊ ဒီဇယ္ တစ္လီတာလွ်င္ ၁၂၁၀ က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီတာလွ်င္ ၁၂၁၅ က်ပ္ ေဈးေပါက္ေနသည္။
စက္သုံးဆီ ေဈးတက္ေန၍ အငွားယာဥ္ေမာင္းအခ်ိဳ႕မွာ အြန္လိုင္းေရွာ့ပင္မွ ပစၥည္းမ်ားလိုက္လံ ပို႔ေဆာင္ရင္း ခရီး သည္ ရလွ်င္လိုက္ပို႔ၿပီး အခ်ိဳ႕မွာ ပုံမွန္ေအာ္ဒါ(ခရီးသည္) မ်ားကိုသာ အဓိကပို႔ေဆာင္ေနရသည္ဟု ၎က ဆက္ေျပာသည္။
ဓါတ္ဆီကားမ်ားသည္ တစ္ရက္ ၆၀၀၀၊ ၇၀၀၀ခန႔္ ရရန္ ႀကိဳးစားေမာင္းေနရၿပီး CNG ဂတ္စ္ တပ္ဆင္ထား သူ မ်ားပင္ က်ပ္ ၁၀၀၀၀ ခန႔္သာရေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္တြင္ ေနထိုင္သည့္ အငွားယာဥ္ေမာင္း တစ္ဦးက ေျပာသည္။
“ခရီးသည္ကေတာ့ သိပ္မထြက္ၾကေတာ့ဘူး။ ကားေတြကလဲမ်ားလာတယ္” ဟု ၎ကဆိုသည္။
စက္တင္ဘာလ ဒုတိယအပတ္တြင္ က်ပ္ေငြတန္ဖိုးသည္ အေမရိကန္ တစ္ေဒၚလာလွ်င္ ၂၀၀၀ က်ပ္ ျဖစ္ေနၿပီး အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၉ သိန္းေက်ာ္ အထိျမင့္တက္ခဲ့သည္။
စစ္အာဏာသိမ္းရန္ ႀကိဳးပမ္းခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က အေမရိကန္ တစ္ေဒၚလာလွ်င္ က်ပ္ေငြ ၁,၃၃၀ သာရွိၿပီး အေခါက္ေ႐ႊေဈးမွာလည္း က်ပ္ ၁၃ သိန္း သာ ရွိခဲ့၍ လက္ရွိေငြလဲႏႈန္းႏွင့္ ေ႐ႊေဈးႏႈန္းမ်ားသည္ သမိုင္းဝင္ စံခ်ိန္ တင္ေဈးႏႈန္းမ်ား ျဖစ္သည္။
ႏိုင္ငံတကာစက္သုံးဆီေဈးႏႈန္းမတက္ဘဲ ျမန္မာႏိုင္ငံတြင္သာ ေဒၚလာေဈးတက္၍ စက္သုံးဆီေဈးတက္ျခင္းျဖစ္ၿပီး သယ္ယူပို႔ေဆာင္ေရးစရိတ္မ်ားျမင့္တက္လာျခင္းႏွင့္အတူ အေျခခံစားေသာက္ကုန္မ်ားလည္း ေဈးျမင့္တက္လာေနျခင္းျဖစ္သည္။